U
ကျောင်းပိတ်ရက်ဖြစ်တာကြောင့် တစ်ပတ်စာသင်ခဲ့သမျှစာတွေကို တစ်ခေါက်ပြန်ဖတ်လိုက်သည်တစ်နေ့စာတစ်နေ့ ပုံမှန်လုပ်တတ်တဲ့သူဖြစ်လို့ စာအကြွေးမတင်ပါ။စာမလိုက်နိုင်လို့ ဆရာမတွေဆူပူကြတဲ့ကျောင်းသားတွေကို ဘာလို့စာမလိုက်နိုင်တာလဲလို့ ကျွန်တော်မေးကြည့်ချင်သည်။
တစ်နေ့စာတစ်နေ့ပုံမှန်လုပ်သွားရင် စာမလိုက်နိုင်စရာအကြောင်းမှမရှိပဲလေ။ခုဆို မင်းမြတ်စောဟန်က ရှစ်တန်းကျောင်းသားကြီးပင်ဖြစ်လို့နေသည်။စာတော်တယ်ဆိုတဲ့ ချီးကျူးစကားတွေက လူတိုင်းနှုတ်ဖျားက ပြောတတ်လွန်းတာကြောင့် ကိုယ့်ကိုကိုယ် စာတော်တယ်လားဆိုပြီးတော့ ပြန်မေးရတာလဲ အကြိမ်ကြိမ်ပင်။
"သား..စောဟန်..."
"ဗျာ.မေမေ."
"ဗျာ..ကိုခနထား။ဒီကိုအရင်လာသားရဲ့..စာကျက်တာခနနားအုံး။.တစ်မနက်လုံးကျက်နေရတာ ဦးနှောက်တွေလဲ ပူနေရောပေါ့။မေမေ့ဆီလာပြီးကူပါအုံး.."
မြန်မာစာဖတ်စာအုပ်လေးကို စားပွဲပေါ်တင်ရင်း မေမေ့ဆီသွားလိုက်ပါသည်။မနက်တည်းက မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေတဲ့မေမေက ခုအထိမနားသေး။ချွေးတလုံးလုံးနဲ့ ချက်ပြုတ်နေတုန်းပင်။
"မေမေ..ဘာခိုင်းစရာရှိလို့လဲ။ဖေဖေရော.."
"သား.အဖေက ဘုန်းကြီးကျောင်းသွားတယ်လေသားရဲ့။ခုနှစ် တန်ခူးလမှာ သားရှင်ပြုပွဲလုပ်ဖို့ လိုအပ်တာတွေ ဆရာတော်ဆီသွားလျှောက်နေတာ.."
သားရှင်ပြုဆိုတဲ့အလှူက အလှူ့တကာအလှူမှာ အထူးမြတ်ဆုံးဖြစ်သည်။သားယောက်ျားလေးကို ရှစ်ပါးပရိက္ခာတွေနဲ့ ရှင်သာမဏေအဖြစ်နဲ့ သာသနာ့ဘောင်သွတ်သွင်းခြင်းအလှူဖြစ်သလို၊ရွာလူကြီးရဲ့သားကလေးက အရွယ်ရောက်လာတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီဆိုတာလဲ တစ်ခါတည်းကြေငြာထားသလိုဖြစ်ရသည်။
အချိန်တန်အရွယ်ရောက်လို့ အိမ်ထောင်ရက်သားပြုကြတော့မယ်ဆိုရင်လဲ သင့်တော်ရာလေးတွေကိုတီးခေါက်စပ်ဟပ်ပြီး ပေးစားလိုက်ကြတာကြီးပင်ဖြစ်သည်။သို့သော် တိုးတက်လာတဲ့ခေတ်ရေစီးကြောင်းမှာ လူကြီးချင်းပေးစားတဲ့လက်ထပ်ပွဲဆိုတာ အင်မတန်ပင်ရှားလှပြီ။ချစ်ကြ၊ကြိုက်ကြနဲ့သာ လက်ထပ်လိုက်ကြသလို၊လူကြီးချင်းသဘောမကျလို့ ခိုးရာလိုက်ကျတာတွေလဲ ဒုနဲ့ဒေးပင်။

VOCÊ ESTÁ LENDO
ငှက်ကလေးကိုချစ်မိရင်(ငွက္ကေလးကိုခ်စ္မိရင္)
Fantasiaကောင်လေးတစ်ယောက်ကို ချစ်မိတာကလွဲရင် ကျွန်တော်က ယောက်ျားတစ်ယောက်ပါပဲ။ ဝဋ္ဌာတိမ်ငွေ့ ...... ယောက်ျားလေးဖြစ်နေလို့ မိန်းကလေးကို ကာကွယ်ရမယ်ဆိုတာ သဘာဝသိပ်မကျပါဘူး။ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကို ကာကွယ်တတ်ကြတာအဆန်းမှမဟုတ်ပဲ ထားထားငယ် ..... ကောင်လေးတစ်ယောက်ကို...