27(U/Z)

312 19 10
                                    

U.......

လေတွေ တဟူးဟူးတိုက်နေတာကြောင့် ငှက်ခါးရဲ့အဝတ်အစားတွေလေထဲမှာလွင့်နေတယ်။ဟိုးပျပျမှာလဲ ရွှေရောင်တဝင်းဝင်းနဲ့ စေတီတစ်ဆူကိုဖူးမြင်နေရတယ်။လေးလေးတွဲတွဲမြက်နေတဲ့ထို မြင်ကွင်းက ပြတ်ပြတ်သားသားမြင်နေရမယ့် အရိပ်အရောင်တွေလိုပါပဲ။

"ငါဘယ်ရောက်နေတာလဲ"

ကိုယ့်ကိုကိုယ် ဘယ်နေရာရောက်နေလဲ ကျွန်တော်ကိုယ်တိုင်လဲမသိ။ဘေးပတ်ပတ်လည်မှာ လွင်ပြင်ကျယ်ကြီးတွေက မျက်စိတစ်ဆုံးပဲရှိနေသည်။ကျွန်တော် တောင်ကုန်းတစ်ခုပေါ်ရောက်နေတာဖြစ်သည်။ဒါ ဘယ်နေရာလဲ။ကျွန်တော်ဘယ်တုန်းကမှ မရောက်ဖူးတဲ့နယ်မြေသစ်တစ်ခုကို ကျွန်တော်ရောက်နေတာဖြစ်သည်။

ဘေးပတ်ပတ်လည်ကို မျက်စိဝေ့ဝဲကြည့်တော့ သစ်ပင်ကြီးတစ်ပင်ရှိနေသည်။ကျွန်တော်ရှိနေတဲ့နေရာနဲ့ မနည်းလှမ်းတာကြောင့် ပြတ်ပြတ်သားသားမမြင်ရ။ကျွန်တော့်ခြေလှမ်းတွေဟာ ထိုသစ်ပင်အောက်ဆီ တစ်ရွေ့ရွေ့သွားနေမိသည်။ဘာအတွက်သွားနေမိသည်လဲ။ကျွန်တော့်မှာ အဖြေမရှိ။

"ဟင်...အမျိုးသမီးတစ်ယောက်ပဲ"

သစ်ပင်ကြီးက ရှေးသစ်ပင်ကြီးတစ်ပင်ဖြစ်သည်။ပါးပြင်းတွေထနေတဲ့ ကုကိုလ်ပင်အိုကြီးရဲ့ ပင်စည်တစ်ဝက်မှာ ဗောဓိညောင်ပင်တစ်ပင်ပါ တွယ်ကပ်ပေါက်နေသည်။ကျွန်တော့်ကို ထိုအမျိုးသမီးက လက်ယက်ခေါ်နေတာကြောင့် စိုက်ငေးကြည့်နေမိသည်။ကျွန်တော် ရင်းရင်းနှီးနှီးမြင်ဖူးတဲ့ မျက်နှာဖြစ်သည်။ကျွန်တော့်ရင်တွေလဲ မီးစနဲ့ထိုးထားသလို ပူနေသည်။

"သား...ငှက်ခါး.."

ရင်းရင်းနှီးနှီးကြားဖူးနေတဲ့ ထိုအမျိုးသမီးရဲ့အသံက ကွဲအက်အက်။ဒေါနစိမ်းရောင် ဝမ်းဆက်ဝတ်ထားတဲ့မျိုးသမီးက ကျွန်တော်တစ်ကိုယ်လုံးကို စုန်ချည်ဆန်ချည်ကြည့်နေသည်။ဒီမျက်နှာပေါက်မျိုးက်ု ကျွန်တော်သေချာမြင်ဖူးပါသည်။ခက်တာက ဘယ်လိုမှစဥ်းစားလို့မရပဲရှိနေသည်။သူမအနားကို ရောက်ခါနီးလေ သူမက မြင်ကွင်းကနေဝေးသွားလေလေ။ကျွန်တော့်မှာ ပြေးသွားလို့လဲမရ ကြောက်စိတ်လဲလုံးဝမရှိပဲ ထိုအမျိုးသမီးဆီကိုသာ သွားနေမိတယ်။ခြေထောက်တွေဟာလဲ ခဲဆွဲထားသလိုလေးနေတာကြောင့် ရှေ့မှရောက်ရဲ့လားသံသယဝင်မိသည်။

ငှက်ကလေးကိုချစ်မိရင်(ငွက္ကေလးကိုခ်စ္မိရင္)حيث تعيش القصص. اكتشف الآن