23(U/Z)

261 20 4
                                    

U.......

ကြမ်းခင်းလေးပေါ်မှာ ချေခြထိုင်ရင်း ညောင်းလာတဲ့အခါမှာတော့ လမ်းလျှောက်လိုက်၊နီနီလာမယ့်လမ်းဘက်ကို မျှော်ကြည့်နေလိုက်လုပ်နေမိသည်။
တစ်ခါတစ်လေမှာ တစ်ယောက်တည်းရှိနေတဲ့ခံစားချက်ကလဲ သိပ်လွတ်လပ်တာပဲ။ကိုယ်တွေးချင်ရာတွေးမယ်၊ကိုယ်ငေးချင်ရာကိုငေးနေမယ်။
အတွေးတွေကိုကန့်သတ်လို့မရ။စိတ်ကူးနဲ့အိမ်ဆောက်လို့ရသလို၊တစ်ဆုံးကျယ်ပြောတဲ့ပန်းခင်းကြီးတွေ၊ပြီးတော့ ဝဠာ။ကျွန်တော်တို့ကြား ဘယ်လိုကြားဝင်မှုမျိုးပဲရှိပါစေ အခေါ်အပြောမပျက်တဲ့အခြေနေကိုပဲ ရောက်ချင်တာပါ။

ကျွန်တော်နဲ့ဝဠာက ဘာဖြစ်နေလို့လဲ။ဝဠာကရော ဘယ်လောက်ဆိုးသွမ်းနေလို့ မပေါင်းရမသင်းရလို့ သတ်မှတ်ထားတာလဲ။ဝဠာက လူကောင်းတစ်ယောက်ပါ။ကျွန်တော့်မလှမ်းမကမ်းမှာသူရပ်နေရင်း ကျွန်တော့်ကိုအရိပ်တကြည့်ကြည့်ရှိနေတတ်တာ ကျွန်တေယ်ခံစားမိပါတယ်။လူတစ်ယောက်အတွက်အရေးကြီးဆုံးအရာက စိတ်လုံခြုံမှုတဲ့။ဝဠာက ထိုစိန်လုံခြုံမှုမျိုးကျွန်တော့်ကိုပေးနိုင်တယ်။

ဝဠာ့အကြောင်းအိပ်မက်တဲ့နေ့ဆို အိပ်မက်တွေဟာ သိပ်လှပါနေတတ်ပါတယ်။ကျွန်တော့်ကိုပြုံးကြည့်နေတဲ့သူပုံစံလေးကို အပြင်မှာဖြစ်လာပါစေလို့ပဲ မျှော်လင့်မိပါတယ်။

"နီနီကလဲ ခုထိမလာသေးဘူး.."

နီနီလမ်းမှာ တစ်ခုခုများဖြစ်လို့လား။ပေါက်ကရတွေးမိတဲ့အတွေးတွေကို လွင့်ပျောက်သွားစေရန် ခေါင်းကိုခပ်ကြမ်းကြမ်းခါပစ်ပြီး အတွေးထဲက ထုတ်ပစ်မိသည်။နီနီဘာမှဖြစ်လို့မရပါ။နီနီက ကျွန်တော့်ဘဝအတွက် အရေးကြီးဆုံးလူယောက်တစ်ယောက်ဖြစ်သလို၊ကျွန်တော်အားအကိုးရဆုံး၊ခံစားချက်အစစ်အမှန်တွေကို ဝမ်းနည်းဝမ်းသာစရာတွေကို ဝေမျှပေးနိုင်တဲ့တစ်ဦးတည်းသောသူဆိုရင်လဲမှားမယ်မထင်ပါ။

နေရောင်မပျောက်သေးတဲ့ညနေခင်းဆိုတော့လူတွေပိုစည်ကားနေသလိုပါပဲ။ကျွန်တော်တို့ကျောင်းရှိတဲ့လမ်းက အချက်အချာကျတဲ့လမ်းသွယ်ထဲမှာပါတာဆိုတော့ အသွားအလာများတယ်။ပြီးတော့ ကျွန်တော်တို့ကျောင်းဘေးက ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ကျောင်းရှိသေးသည်။ထိုကျောင်းမှာ ညအိပ်ကျောင်းစားနေကြတဲ့ တစ်နယ်တစ်ကျေးက ကျောင်းလာတက်ကြတဲ့ကရင်လေးတွေလဲအများကြီးရှိပါတယ်။

ငှက်ကလေးကိုချစ်မိရင်(ငွက္ကေလးကိုခ်စ္မိရင္)Donde viven las historias. Descúbrelo ahora