U....
"ဒေါသကို လျှော့ပါညီမရယ်။သူငယ်ချင်းအချင်းချင်း စနောက်ပြီးသူ့ကျောပိုးအိတ်ထဲရောက်တာနေမှာပေါ့။ငှက်ခါးက ဒီလိုကလေးမျိုးမှ မဟုတ်ပဲကွယ်။ကလေးကို စိတ်လိုက်မာန်ပါမဆူပါနဲ့၊မပြောပါနဲ့လို့ အတန်တန်မှာထားရက်နဲ့"
ငှက်ခါးတို့အိမ်မှာ ဆူသံညံသံတွေကြောင့် ကျွန်တော်နဲ့မေမေ အပြေးလာခဲ့ကြသည်။
ကျောင်းမှာတုန်းက ခြောက်တန်းဆောင်မှာ ဖဲထုပ်မိပြန်ပြီဆိုတဲ့သတင်းကြောင့် ဝမ်းသာသလိုရှိခဲ့ရသေးသည်။ခြောက်တန်း(A)ခန်းမှာ ဖဲထုပ်ကိုင်တာ ဘယ်သူတွေပဲရှိတယ်ဆိုတာ ကျွန်တော်သိတယ်လေ။အရင်ကမှ ကျွန်တော်ချွန်ပေးလို့ ဝဠာရုံးခန်းရောက်ရတယ်။ကျောင်းအုပ်ဆရာမကြီးက ရှစ်တန်းက စောဟန်ဆိုလျှင် လူရည်ချွန်ဆိုပြီး ပစားပေးတတ်တော့ "ကျွန်တော်တိုင်တာ ဘယ်သူမှမသိပါစေနဲ့နော် ဆရာမကြီး"ဆိုပြီး ပိတ်ခဲ့ရသေးသည်။ကျွန်တော့်အတွေးထဲမှာတော့ ဝဠာ့ကျဆုံးခန်းဟာ ကျွန်တော့်ပျော်ရွှင်ခြင်းပဲ။ရွာထဲမှာ ဟိုးလေးတကျော်ကျော်နဲ့ ဝဠာ့သတင်းထွက်တော့မှာကို မြင်ယောက်ရင်း စိတ်တွေလဲပိုပြီးရွှင်နေသလိုလို။
ယွန်းမီကပင် ဘာတွေဒီလောက်ပြုံးနေတာလို့ မေးတာကြောင့် "ငါ့အတွေးထဲကိုနင်ရောက်လာလို့ပါ"ဟု မုသားသုံးလိုက်ရသေးသည်။သူမကတော့ ပြုံးနေသေး၏။
"မပြောလို့မဖြစ်ဘူး မမတင်။အဲ့ကောင်လေး ခုတလော ခြေမငြိမ်ဖြစ်နေတာ ကျွန်မရိပ်မိတယ်။အချစ်ဝတ္ထုတွေဖတ်ပြီး ဘာတွေစိတ်ကူးယဥ်နေသေးလဲမပြောတတ်ဘူး။စာမေးပွဲမှ အဆင့်ကျသွားရင်တော့ ခုထက်နှစ်ဆကြမ်းပြမယ် မမစောင့်ကြည့်နေ..."
စက်တီခုံပေါ်မှာ ခါးကိုဆန့်ကာထိုင်နေတဲ့ အန်တီလှိုင်းက ဒေါသကြောင့် မျက်နှာကြောတည်တင်းနေသည်။ငှက်ခါးကျောပိုးအိတ်ထဲမှာ ဖဲထုပ်တွေ့တဲ့ကိစ္စနဲ့ တစ်ကျောင်းလုံးရှေ့မှာ အရိုက်ခံရတဲ့အပြင် မိဘပါအခေါ်ခံရတော့ တစ်ရှက်ကနှစ်ရှက်ဖြစ်ရတယ်ဆိုကာ ခြေမွေးမီးမလောင်၊လက်မွေးမီးမလောင်ထားခဲ့တဲ့ သားဖြစ်သူကို အချိုးရာတွေနဲ့မြင်မကောင်းအောင်ရိုက်ခဲ့တဲ့ဆိုတဲ့ သတင်းက ရွာထဲမှာလဲ ပြန့်နေပြီ။

أنت تقرأ
ငှက်ကလေးကိုချစ်မိရင်(ငွက္ကေလးကိုခ်စ္မိရင္)
خيال (فانتازيا)ကောင်လေးတစ်ယောက်ကို ချစ်မိတာကလွဲရင် ကျွန်တော်က ယောက်ျားတစ်ယောက်ပါပဲ။ ဝဋ္ဌာတိမ်ငွေ့ ...... ယောက်ျားလေးဖြစ်နေလို့ မိန်းကလေးကို ကာကွယ်ရမယ်ဆိုတာ သဘာဝသိပ်မကျပါဘူး။ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကို ကာကွယ်တတ်ကြတာအဆန်းမှမဟုတ်ပဲ ထားထားငယ် ..... ကောင်လေးတစ်ယောက်ကို...