12(U/Z)

311 26 1
                                    

U......

"နီနီ.."

အိမ်မှာဖေဖေတို့မရှိ။မြို့ဘက်ကို ကိစ္စတစ်ခုနဲ့သွားတာ တစ်ပတ်လောက်ကြာမယ်တဲ့။ဒါကြောင့် အိမ်မှာ ထုံးစံအတိုင်းကျွန်တော်နဲ့နီနီနှစ်ယောက်တည်းပဲရှိသည်။

ကျောင်းကပြန်ရောက်တည်းက ဗိုက်ထဲမှာမအီမသာဖြစ်နေသည်။ဟိုနားကအောင့်သလို၊သည်နားကအောင့်သလိုနဲ့ နေမထိထိုင်မသာဖြစ်နေ၏။အိမ်စာသင်္ချာတစ်ချို့နားမလည်လို့ ကိုကြီးဆီသွားဖို့ ပြင်နေရသေးသည်။ခုနကတော့ အနားမှာဝတ္ထုဖတ်နေတဲ့နီနီက ခုတော့မရှိတော့ပေ။

"နီနီ..နီနီဘယ်ရောက်နေတာလဲ.."

အိမ်ပေါ်ထပ်ကနေ ကျယ်လောင်စွာအော်ခေါ်နေတဲ့အသံကိုမကြားလောက်တဲ့အထိ နီနီခြံထဲပဲရောက်နေလားမပြောတတ်ပါ။ဟိုစပ်စပ်သည်စပ်စပ်နဲ့ ခြေမြန်လက်မြန်ဖြစ်လို့ ဘယ်နေရာကိုသွားရှာရမှန်းလဲမသိ။

သင်္ချာပုံနှိပ်ထဲCinderellaပုံပါတဲ့ဗလာစာအုပ်လေးကိုညှပ်ကာ ယူရင်း ကိုးထစ်ရှိတဲ့ကျွန်းလှေကားကြီးကနေအိမ်အောက်ကိုဆင်းလာသည်။ဖတ်ခဲ့ဖူးတဲ့ဆရာမခင်ခင်ထူးရဲ့ မအိမ်ကံစာအုပ်လေးဆီအတွေးရောက်သွားပြန်၏။
ဖေဖေတို့ရှိလဲ အိမ်ကအမြဲတိတ်ဆိတ်နေတတ်တာမလို့၊ရှိတာမရှိတာက ထူးခြားမှုမရှိပါ။ဖေဖေနဲ့မေမေက သူတို့စီးပွားရေးအကြောင်းတွေကို သူတို့အခန်းလေးထဲမှာသီးသန့်ပြောတတ်သလို တိုင်ပင်စရာ၊အသိပေးစရာရှိမှ မဖြစ်မနေ နီနီ့ကိုပြောတတ်တယ်။

နီနီကလဲ ဘယ်အရေးကိုမှကျွန်တော့်အရေးလောက်စိတ်ဝင်စားတဲ့သူမဟုတ်။လုံးကြီးပေါက်လှဖြစ်တဲ့နီနီက လေးဆယ်ကျော်အရွယ်ထိ အလှတွေမပျက်သေး။ဘာလို့အိမ်ထောင်မပြုတာလဲ ကျွန်တော်မေးကြည့်ဖူးတယ်။နီနီ့အဖြေက လှပပါတယ်။ကျွန်တော့်ကိုပဲ စောင့်ရှောက်ပေးချင်လို့တဲ့လေ။နီနီ့ကိုဖေဖေတို့ထက်ပိုချစ်တာ ကျွန်တော်မမှားဘူးလို့ ထိုအချိန်တည်းကစ သေချာသိခဲ့ရတာပင်။

နီနီရှိရင်ကျွန်တော့်ဘဝကြီးနွေးထွေးရသလို၊နီနီကြောင့်ပဲ အေးချမ်းရပါတယ်။

အိမ်နောက်ဖေးတံခါးကြီးလဲဖွင့်ထားသလို၊မီးဖိုချောင်ထဲမှာလဲ လူမရှိပါ။ခြံပတ်ပတ်လည်ကိုလှည့်ပတ်ကြည့်တော့လည်း အရိပ်တောင်မမြင်ရ။နောက်ဖေးတံခါးကိုမင်းတုန်းချ၊အိမ်ရှေ့တံခါးကိုပိတ်ကာ ကိုကြီးတို့အိမ်ဘက်ဦးတည်လာခဲ့သည်။သိပ်မဝေးတာပေမယ့် သွားလေ့သွားထတော့သိပ်မရှိ။အိမ်ထဲမှာပဲ ကုပ်နေတတ်တဲ့သူဆိုတော့ မနီးမဝေးအိမ်တွေကိုတောင် လူစေ့မသိလှပါ။မျက်မှန်းတန်းမိရုံလောက်သာရှိပါတယ်။

ငှက်ကလေးကိုချစ်မိရင်(ငွက္ကေလးကိုခ်စ္မိရင္)Where stories live. Discover now