U.....
"ရွှတ်ရွှတ်..ဟေ့ညီမလေး.."
ကိုယ့်အသင်းက ကြာသပတေး(အနီသင်း)ဖြစ်ပေမယ့် မိန်းကလေးအတန်းခေါင်းဆောင်ဆိုတော့ သူ့အလုပ်ကိုယ့်အလုပ်သိပ်မခွဲတတ်ပါ။အမြင်မတော်ရင်မတော်လို ကူညီညာပြီးလုပ်ကိုင်ပေးတတ်လို့ အတန်းပိုင်ဆရာမဆို ခနခနချီးကျူးတတ်သည်။ကျောင်းမှာ လာတက်တဲ့သူအများစုက ရွာဘက်လူတွေများတော့ သူတို့ရောက်ခါမှ ဘုရားပန်းအိုးလဲတာ၊တံမြက်စည်းလှဲ၊သန့်ရှင်းရေးလုပ်တာတွေနဲ့ဆို ကသီလင်တနိုင်တတ်သည်။
သူတို့ရောက်တဲ့အချိန်မှအသင်းတာဝန်တွေလုပ်ရင် ပထမစာသင်ချိန်ထဲကပါ အချိန်တွေယူရတာမို့ အသင်းထဲ တဲ့မိန်းကလေးတွေလိုတာကိုကူပေးရသည်။စာသင်ခန်းထဲမှာ ဘာသာကွဲခရစ်ယာန်မလေးတွေပါပေမယ့် သူတို့ကမခိုမကပ်ကြပါ။သူများဘာသာမို့ ဘုရားပန်းလဲမပေးဘူးဆိုတာမရှိကြ။သူတို့အသင်းလှည့်ရောက်တဲ့နေ့ဆို Churchကျောင်းထဲက နှင်းဆီပန်း၊ဇီဇဝါ၊ရွက်လှတစ်မျိုးမဟုတ်တစ်မျိုး ယူလာပေးကာ ကုသိုလ်ယူတတ်ကြသည်။
အတန်းထဲမှာဆို ကျွန်မနဲ့မျက်နှာကြောမတည့်လှတဲ့မိန်းကလေးတွေရဲ့အသင်းဆို ကူမလုပ်ပေးအထိ ကျွန်မကအကြောတင်းတတ်တယ်။အထူးသဖြင့် ခရစ်ယာန်မလေးတွေရဲ့အသင်းလှည့်ဆို တကက််တက်ကြွကြွကူလုပ်ပေးမြဲပါ။
"မနေ့က Sundayဆိုတော့ တို့ကျောင်းထဲပန်းတွေအကုန်ခူးလိုက်ရလို့ ဘုရားပန်းဖိုးတို့ပေးပါရစေ"
လို့ဆိုလာတဲ့ကရင်မလေးတွေကြောင့် ကျောင်းနဲ့မဝေးလှတဲ့စျေးကိုပြေးပြီး နှင်းဆီပန်းတစ်ခေါက်ပြေးဝယ်ရသေး၏။
စျေးထဲကဝယ်တာတဲ့ နှင်းဆီပန်းဖြူဖြူတွေကို အရိုးတွေညှပ်၊အရွက်တွေခြွေနေရင်း အခန်းဝကခေါ်သံကြောင့် ထားထားငယ်လှည့်ကြည့်လိုက်မိသည်။ထိုသူကအဖြူရောင်လည်ကတုံးလက်ရှည်ကို တံတောင်ဆစ်ထိရောက်အောင်ခေါက်တင်ထားပြီး မထူမပါးဆံပင်ကို ဘေးခွဲထားတယ်။"ညီမလေး..ငှက်ခါးရောက်ပြီလား.."
ထိုသူက ငှက်ခါးကျောင်းပျက်တိုင်းအတန်းပိုင်ဆရာမကို ခွင့်လာတိုင်ပေးတတ်သူဆိုတော့ မမှတ်မိစရာအကြောင်းမရှိပါ။ရှစ်နာရီဆယ့်ငါးမိနစ်ဆို လူစုံနေကျမို့ ဒီအချိန်ထက်နောက်ကျပြီးမှ ဘယ်သူမှမလာတတ်။ကျွန်မတို့ကျောင်းအုပ်ဆရာမကြီးက မနက်ရှစ်ခွဲဆိုတာနဲ့ တံခါးကိုပိတ်ပြီးသားဖြစ်သည်။စည်းကမ်းတင်းကျပ်လို့လဲ အထက်တန်းတွေအောင်ချက်ကောင်းသည်။
YOU ARE READING
ငှက်ကလေးကိုချစ်မိရင်(ငွက္ကေလးကိုခ်စ္မိရင္)
Fantasyကောင်လေးတစ်ယောက်ကို ချစ်မိတာကလွဲရင် ကျွန်တော်က ယောက်ျားတစ်ယောက်ပါပဲ။ ဝဋ္ဌာတိမ်ငွေ့ ...... ယောက်ျားလေးဖြစ်နေလို့ မိန်းကလေးကို ကာကွယ်ရမယ်ဆိုတာ သဘာဝသိပ်မကျပါဘူး။ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကို ကာကွယ်တတ်ကြတာအဆန်းမှမဟုတ်ပဲ ထားထားငယ် ..... ကောင်လေးတစ်ယောက်ကို...