U......
ကြိုက်တဲ့အစားအစာ....စပ်တာ၊ချဥ်တာတွေကြိုက်တယ်။အစာအိမ်နဲ့မတည့်ပေမယ့် အများအားဖြင့်တော့ အဲ့ဒါတွေပဲစားဖြစ်တယ်။တစ်ယောက်ယောက်နဲ့စားနေကျ ကြာဇံကြော်ချဥ်ငန်စပ်သုပ်လေးကိုတော့ အကြိုက်ဆုံးပါ.
ကျောင်းကပြန်လာပြီးကတည်းက အခန်းထဲဝင်ပြီး အင်္ကျီတောင်မလဲနိုင်ပဲ ထားထားငယ်ရဲ့အော်တိုစာအုပ်ကို ဖတ်နေဖြစ်တယ်။ငှက်ခါးဆိုတဲ့ကောင်လေးအတွက်ဆိုကာ ရှေ့ဆုံးစာမျက်နှာမှာတော့ဘယ်သူ့ကိုမှမရေးရဟု ထားထားငယ်သတ်မှတ်ထားသည်။
"နင်ကတော့ ဒုတိယစာမျက်နှာမှာရေး။ရှေ့ဆုံးက ငှက်ခါးရေးပြီးပြီ။နောက်တစ်ရွက်မှာနင်စရေးလို့ရပြီ"
ငှက်ခါးရေးပြီးပြီးတဲ့။မျက်လုံးတစ်စုံကထိန်းချုပ်မှုမဲ့စွာ ထားထားငယ်ကိုမော့ကြည့်မိသည်။သူမကပြုံးပြရင်း ခေါင်းတစ်ချက်ညှိတ်ပြသည်။ရှေ့ဆုံးစာမျက်နှာကိုလှန်ကြည့်ဖို့ အသိစိတ်က တွန်းအားပေးနေပါတယ်။ဒါပေမယ့် ကျွန်တော်မလုပ်ခဲ့ပါ။
"နင်ရေးပေးမယ်မဟုတ်လား"
"ရေးပေးပါမယ်။ဒါပေမယ့် နင်သိသင့်တဲ့အချက်လောက်တွေကိုပဲရေးပေးမှာ။တစ်ချို့Personalတွေကျ လူတိုင်းကိုပြောပြဖို့မလိုဘူးလေ။"
"အေးပါ..ငါနားလည်ပါတယ်"
ဝဠာက နဂိုဝါသနာမပါတာရော၊ကိုယ့်အကြောင်းကို သူများသိစရာမလိုဘူးဆိုတဲ့စိတ်ကြောင့်ရော ကောင်းကောင်းမွန်မွန်မရေးပေးလိုက်ပေမယ့် တစ်ယောက်ယောက်ရဲ့လက်ရေးတွေနဲ့အော်တိုကိုတော့ စိတ်ဝင်တစားဖတ်ဖြစ်မိတယ်။
ဒါက ဝါသနာအရစပ်စုတာလဲမဟုတ်၊တစ်ပါးသူအကြောင်းအသေးစိတ်သိချင်လို့ဖတ်ချင်တာမျိုးလဲမဟုတ်ပါ။ငှက်ခါးဆိုတဲ့ကောင်လေးကြောင့်၊ဟုတ်တယ် အဲ့ကောင်လေးရဲ့အကြောင်းဖြစ်နေလို့သာ စိတ်ဝင်တစားဖတ်နေမိတာ။
တစ်ယောက်ယောက်နဲ့စားတဲ့ကြာဇံသုပ်တဲ့။တစ်ယောက်ယောက်ဆိုတာ ဘယ်သူ့ကိုရည်ညွှန်းချင်တာပါလိမ့်။ကျွန်တော့်ကိုပြောချင်တာပဲလား။ဒီလိုလဲမဟုတ်နိုင်ပါ။သူက ကျွန်တော်နဲ့ကျမှ ကြာဇံသုပ်ကိုမြင်ဖူးတဲ့သူမှမဟုတ်ပဲ။သူ့အိမ်မှာမဟုတ်ရင်တောင်တစ်နေရာရာမှာတော့ စားဖြစ်မှာပဲ။လိုရာဆွဲတွေးမိတာက နှလုံးသားရဲ့စေခိုင်းချက်ကြောင့်ပဲလား။ဘာမှမမျှော်လင့်တတ်တဲ့ကျွန်တော်က ငှက်ခါးဆီကနေ မျှောင့်လင့်တတ်နေပြီလား။ခေါင်းကိုအမြန်ခါပစ်လိုက်သည်။
YOU ARE READING
ငှက်ကလေးကိုချစ်မိရင်(ငွက္ကေလးကိုခ်စ္မိရင္)
Fantasyကောင်လေးတစ်ယောက်ကို ချစ်မိတာကလွဲရင် ကျွန်တော်က ယောက်ျားတစ်ယောက်ပါပဲ။ ဝဋ္ဌာတိမ်ငွေ့ ...... ယောက်ျားလေးဖြစ်နေလို့ မိန်းကလေးကို ကာကွယ်ရမယ်ဆိုတာ သဘာဝသိပ်မကျပါဘူး။ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကို ကာကွယ်တတ်ကြတာအဆန်းမှမဟုတ်ပဲ ထားထားငယ် ..... ကောင်လေးတစ်ယောက်ကို...