17(U/Z)

325 20 12
                                    

U....

ဝဠာအခေါ်ကောင်းလို့ ဘောလုံးကွင်းထဲရောက်ခဲ့ရသည်။အတန်းပိုင်ရော၊သင်္ချာဆရာမကပါ ဘောလုံးကွင်းထဲမှာ အားပေးနေကြသည်။ကျွန်တော်နဲ့ထားထားငယ် ဝင်လာတော့ သင်္ချာဆရာမက လက်ရာလှမ်းခေါ်သည်။ဆရာမက သူနဲ့တပြေးညီ ထိုင်ခုံရှည်ကြီးမှာ ထိုင်စေပြီး အချိုရည်တစ်ယောက်တစ်ဗူးပေးသေးသည်။ကွက်ကြည့်ကြည့်နေကြတဲ့ ကောင်မလေးတွေကတော့ အားကျစိတ်တွေ၊သဘောကျစိတ်တွေပါသလို မကျေမနပ်ဖြစ်မယ့်သူတွေလဲပါလေရဲ့။သက်ပြင်းဖွဖွချလိုက်မိပါသည်။

ဘောလုံးကွင်းပြင်ကြီးကို အာရုံစိုက်မိတော့ ဘောလုံးတစ်လုံးကို ဝိုင်းလုကာ ဟိုလူ့က်ိုပေးလိုက်၊ဒီလူ့ဆီပြန်ပေးလိုက်နဲ့ ခေါင်းခါလိုက်မိသည်။အာရုံနောက်လိုက်တာနော်။တစ်ယောက်တစ်လုံးပေးပြီး ကန်ခိုင်းလိုက်အေးနေတာပဲကို။
ကျွန်တော်ဘောလုံးမကန်တတ်ပါ။ငယ်ငယ်က ကိုကြီးနဲ့ ဘောလုံးအတူကန်ကြည့်ဖူးသည်။ပြေးလိုက်နေရတာ မောတာကတစ်ကြောင်း၊ခြေထောက်တစ်စောင်းမကန်တတ်ပဲ ​ခြေဦးနဲ့ချည်းကန်တာကြောင့် ခြေသည်းတွေခနခနကွဲတတ်သည်။

နောက်တော့မကန်ဖြစ်တော့ပါဘူး။ကျွန်တော်က မကန်တတ်တော့ သူချည်းဂိုးသွင်းနေရတာပျင်းတယ်လို့ဆိုသည်။နီနီကလဲမကစားခိုင်းခဲ့ပါ။ခြေထောက်ဒဏ်ရာရရင် နီနီ့မှာ မျက်ရည်ဝဲလို့မဆုံး။ရေနွေးအေးအေးနဲ့ အနာကိုသန့်စင်ပေးရတာထက် ကျွန်တော်နာကျင်တာကို မမြင်ချင်လို့ဟုဆိုသည်။

"ဝဠာ..ကန်ထား။ဝဠာ..ကန်လိုက်တော့ ကန်လိုက်တော့"

ကျွန်တော့်အတွေးတွေထဲ ကာယဆရာမရဲ့အသံကို ကြားလိုက်ရသည်။

မြင့်မားလှတဲ့အရပ်အမောင်းနဲ့ ဝဠာကလှုပ်ရှားမှုတွေကအစ သွက်လက်နေသည်။ကွင်းလုံးပြည့်အားပေးနေကြတဲ့အသံတွေ။ထိုအသံတွေကြား ကိုကြီးပါလေမလားလို့ရှာဖွေကြည့်မိသည်။
အုတ်အော်သေယင်းနင်းအသံတွေကြား တသားတည်းကျွန်တော်ကိုယ်တိုင် အော်မိနေလား သေချာမသိတော့။ထားထားငယ်ရဲ့အသံကတော့ အကျယ်ဆုံးဖြစ်သည်။အနားမှာနေတဲ့ကျွန်တော်ပင် နားပိတ်လိုက်ရတဲ့အထိ အာခေါင်ခြစ်ကာ အသားကုန်အော်နေတော့၏။

ငှက်ကလေးကိုချစ်မိရင်(ငွက္ကေလးကိုခ်စ္မိရင္)Dove le storie prendono vita. Scoprilo ora