U.....
မြို့နယ်လုံးကျွတ်ကျောင်းပေါင်းစုံပြိုင်ပွဲမှာ ပထမမရတဲ့အတွက် ဒီနေ့ကမြို့နယ်မှာဆုယူဖို့အကြောင်းဖန်လာသည်။ကျောင်းကအစီစဥ်နဲ့ဖြစ်တာကြောင့် ကျောင်းကိုစောစောရောက်အောင်လာကာ ပြင်စရာရှိတာတွေပြင်ဆင်ရသည်။ကျောင်းအုပ်ဆရာမကြီးလာမှ ဆရာမကြီးနဲ့အတူသွားရမှာ။အခမ်းအနားက ကိုးနာရီစမှာဆိုတော့ ကျွန်တော်ရောက်တဲ့အချိန်က စောလွန်းနေသည်။
စက်ဘီး၊ဆိုင်ကယ်တွေနဲ့သာမက ကားတွေနဲ့ပါ အပြိုင်အဆိုင်လိုက်ပို့ကြတဲ့ကျောင်းသားတွေက ကျောင်းထဲကဝင်သူကဝင်၊ထွက်တဲ့သူကထွက်နဲ့။
ခုနေ့တော့ ငှက်ခါးကျောင်းတက်မလား ကျွန်တော်မမေးခဲ့မိပါ။လူရည်ချွန်စာမေးပွဲအပြင် အခန်းဆုံးစာမေးပွဲအစိုးရစစ်ကြီးက စတော့မှာဆိုတော့ စာကိုအသည်းအသန်လုပ်နေရပြီ။သူ့အတွက်လဲအချိန်မပေးနိုင်တော့။ငယ်ငယ်ကလို ကျွန်တော်သူ့ကိုအချိန်တွေမပေးတော့ဘူးဆိုပြီး စိတ်မကောင်းဖြစ်နေမယ်ဆိုတာသိပေမယ့် ကျွန်တော်တို့ကငယ်တော့တဲ့အရွယ်တွေမဟုတ်တော့ဘူးလေ။ဖြစ်သင့်တာကို ဦးစားပေးရမယ့် အရွယ်ကိုရောက်နေကြပြီ။
"ဟဲ့..သူ့နာမည်သိလား။အချောလေးဟ."
"ရှစ်တန်းက လူရည်ချွန်လေဟာ။မင်းမြတ်စောဟန်တဲ့။ဒီလောက်နာမည်ကြီးတာကို မသိပဲနေမလား.."
ကျွန်တော့်ကိုကြည့်ကာ တိုးတိုး,တိုးတိုးပြောနေကြတဲ့ကောင်မလေးတွေကိုသတိထားလိုက်မိသည်။ဆယ့်လေးနှစ်ဆိုတဲ့ လူပျိုဖော်ဝင်ခါစအရွယ်မှာ ရင်ခုန်ခြင်းကိုလဲခံစားတတ်ခဲ့ပြီ။ချောတယ်၊စာတော်တယ်၊လူရည်ချွန်ကိုကြီးဆိုတဲ့စကားတွေနဲ့ကျွန်တော့်စာသင်ခုံပေါ်မှာ အမြဲရှိနေတတ်တဲ့ အသည်းပုံသကြားလုံးတွေ၊နှင်းဆီပန်းရောင်စုံတွေက ကျွန်တော့်အတွက်တော့ခွန်အားတွေလိုပဲ။
တစ်ခါတစ်လေဆိုရင်လဲ ယောက်ျားလေးချင်းအားကျတဲ့အကြည့်တွေ၊မိန်းကလေးတွေဆီက ညုတုတုမျက်ဝန်းတွေ၊သာမာန်ထက်ဦးစားပေးတာတွေက နေ့စဥ်ဘဝမှာ ဖြစ်စဥ်တစ်ခုလိုပါပဲ။ကျွန်တော့်ခုံပေါ်မှာ သကြားလုံးတွေ၊ချောကလတ်တွေ၊ပန်းစည်းတွေနဲ့ စာအတိုအစလေးတွေရှိနေတတ်တာဟာ ခုနှစ်တန်းအရွယ်လောက်တည်းကပါပဲ။

YOU ARE READING
ငှက်ကလေးကိုချစ်မိရင်(ငွက္ကေလးကိုခ်စ္မိရင္)
Fantasyကောင်လေးတစ်ယောက်ကို ချစ်မိတာကလွဲရင် ကျွန်တော်က ယောက်ျားတစ်ယောက်ပါပဲ။ ဝဋ္ဌာတိမ်ငွေ့ ...... ယောက်ျားလေးဖြစ်နေလို့ မိန်းကလေးကို ကာကွယ်ရမယ်ဆိုတာ သဘာဝသိပ်မကျပါဘူး။ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကို ကာကွယ်တတ်ကြတာအဆန်းမှမဟုတ်ပဲ ထားထားငယ် ..... ကောင်လေးတစ်ယောက်ကို...