5(U/Z)

336 29 0
                                    

"ဘယ်လို ဖြစ်တာလဲ နီနီရယ်။ကလေးက ကျောင်းမတက်နိုင်တာ သုံးရက်တောင်ရှိပြီဆို။အရမ်းဖျားနေတာလား.."

"ဟုတ်ပါ့ မမရယ်။လေတိုက်ထဲထွက်ထိုင်တာများလို့နဲ့တူပါတယ် နှာတွေစေးပြီး အသားတွေပူတက်လာတာပဲ။သားလေးက ထစ်ခနဲဆို ဖျားမယ်နာမယ်ပဲ။

ကိုယ်ခံအားကမရှိတော့ ပိန်ပိန်ပါးပါးလေးကို စားတာသောက်တာလဲ ဟက်ဟက်ပက်ပက်မရှိပါဘူး။ဒါကြောင့် အမတို့အိမ်မှာ ဗမာကြက်လေးလာမေးတာ။သားလေးက စီပီဆို အသားပွလို့မစားဘူးတဲ့။.."

"မမလဲ မနေ့ညကမှရောင်းလိုက်တာ နီနီရယ် မဟုတ်ရင်တော့ရပါတယ်။ကျန်ခဲ့တဲ့ကြက်တွေကလဲ ခုမှ လက်သီးဆုပ်သာသာလောက်ရယ်ရှိသေးတာ။ဒီလိုလုပ်လေ စီပီကြက်ကို အရင်ကြွပ်အောင်ကြော်လိုက်။အတွင်းကပါကျက်အောင် မီးအေးအေးလေးနဲ့ကြော်။ပြီးမှချက်ချင်ချက်ပေါ့ အဲ့လိုလေးလုပ်ကြည့်ပါလား..."

"စွပ်ပြုတ်လေးနဲ့ တစ်ဝက်ကို ပေါင်းပြီးကျွေးချင်လို့ မမရဲ့။စီပီဆိုရင်ကို အဲ့ကလေးကမစားတာ။အရေခွံအရမ်းကြိုက်တဲ့သူဆိုတော့ မမရယ် ပြောရအုံးမယ်သိလား..."

ညပိုင်းစာကျက်နေတော့ ကြီးလှတို့အိမ်က အသံတွေကို အတိုင်းသားကြားနေရသည်။အဖေကတော့ အရက်လေးထွေရင်း တိုင်ပင်မှီကာ အမေ့ဓာတ်ပုံဟောင်းလေးကို ငေးကြည့်နေသည်။ဘေးအိမ်က ကျွတ်ကျွတ်ညံညံပြောနေတဲ့ စကားတွေကို စိတ်ရှုပ်သလိုနဲ့ မျက်မှောင်ကျုံ့နေပြန်သည်။

"ကြက်သားစားတာပဲ စာတစ်တန်ပေတစ်တန်နဲ့ ဋီကာကျမ်းတွေဖွဲ့နွဲ့နေသေးတယ် မိန်းမဆိုတဲ့အမျိုးတွေများ.."

ထပ်ညွှန်းပုစ္ဆာအိမ်စာတွေကို နောက်တစ်ခေါက်ပြန်တွက်ရင်း အဖေ့စကားကိုလဲ အင်းမလုပ်၊အဲမလုပ်နားထောင်ရင်း ဘေးအိမ်ကစကားသံတွေကိုလဲ ခပ်စိပ်စိပ်နားစွင့်နေမိသည်။

"ဟေ့ကောင် ရေတစ်ခွက်ထခပ်စမ်း.."

သူ့စကားကို မထောက်ခံတာကြောင့်ထင်သည်။အဖေက ကျွန်တော့်ကိုဘုကြည့်ကြည့်ရင်း အရက်သပ်ဖို့ ရေထခပ်ခိုင်း၏။

"ဘယ်လိုကောင်မှန်းမသိဘူး..စာမလုပ်ဘဲ ကာတွန်းပဲဖတ်နေလား။စာအုပ်ပြီးကိုင်ပြီး ပြုံးဖြဲဖြဲနဲ့။မင်းလဲမကောင်းဘူး..မိန်းမတွေလဲမကောင်းဘူး အေ့..ငါ့မိန်းမပဲကောင်းတယ်.."

ငှက်ကလေးကိုချစ်မိရင်(ငွက္ကေလးကိုခ်စ္မိရင္)Where stories live. Discover now