20(U/Z)

296 28 13
                                    

U.....

"ဝ..ဝဠာ"

အင်္ဂလိပ် Work Bookစာအုပ်ထဲက Grammarတွေကို ဖြေနေတဲ့သူ လက်တွန့်သွားတာ ကျွန်တော်သတိထားလိုက်မိတယ်။ကျွန်တော့်ကိစ္စဖြစ်ပြီးသွားတဲ့နောက်မှာ အရင်ကလိုပဲ သူနဲ့ကျွန်တော်ပြန်ဝေးသွားကြတယ်။စက္ကူစွန်လေးတွေနဲ့ စာတွေလှမ်းပစ်ပြီးစတဲ့ အချိန်တွေပျောက်ဆုံးသွားသလို၊နေ့လည်ခင်း ထမင်းစားကျောင်းဆင်းချိန်မှာလဲ ကိုကြီးခေါ်ရာနောက်ကျွန်တော်လိုက်ခဲ့ရတယ်။

စာအုပ်တွေဝေဖို့၊အမှတ်ဖြတ်ဖို့ဆရာမစားပွဲထိ စာအုပ်တွေလိုက်ပို့ဖို့လဲ ကျွန်တော့်ကိုမခေါ်တော့။ဒုတိယအတန်းခေါင်းဆောင်ပေမယ့် အလုပ်မှန်သမျှ သူသာသိမ်းလုပ်သွားတဲ့ကောင်ကို နားလည်းမလည်။အရင်ကဆို အမြဲ အကြည့်ဆုံတတ်ပေမယ့် ခုတော့ ကျွန်တော့်ကိုရှိတယ်လို့တောင်မထင်တော့တဲ့ ဝဠာ့ကို အလိုမကျ။ဝဠာ့ဘက်ကတွေးကြည့်ပြန်ရင်လဲ မှန်နေတာပဲလေ။

တခြားကောင်တွေပြောသလို ကျွန်တော်က အမည်ခံအတန်းဆောင်သက်သက်ပါ။ဝဠာကသာ ဒုတိယအတန်းခေါင်းဆောင်ဆိုပေမယ့် သူကသာအတန်းခေါင်းဆောင်စစ်စစ်ပါ။

သူပဲ ကျွန်တော့်ကို ကာကွယ်ပေးခဲ့တာတွေ။စောင့်ရှောက်ပေးခဲ့တာတွေ။သူ့အပြုမှုတွေ မနူးညံ့ပေမယ့် ကျွန်တော်ခံစားလို့ရတယ်။သူနဲ့ကျွန်တော်က ဘေးလူတစ်ယောက်ကြောင့်နဲ့ အလွယ်တကူဖျက်လို့ရတဲ့ ဆက်ဆံရေးလား။အဲ့လိုတွေးမိတိုင်း ငိုခဲ့ရတဲ့ညတွေလဲ များလှပြီ။သူနဲ့ကျွန်တော်က သူငယ်ချင်းပဲလေ။အမြဲခပ်တည်တည်နေတတ်တဲ့ပုံစံကလဲ သူ့ပုံစံအစစ်ပါ။ကျွန်တော့်ကိုရှိတယ်လို့တောင်မထင်တော့တဲ့ အချိန်တွေကလဲ အရင်ကလို ပြန်ဖြစ်သွားတာကလွဲရင် အကုန်လုံးဟာ ပုံမှန်ပါပဲ။

"ဘာလဲ..ဟေ့ရောင်။ဝဠာမအားဘူး စာလုပ်နေတယ် ပြောစရာရှိရင် ငါ့ကိုပြော."

ဘောပင်ကိုင်ထားပြီးစာဆက်မရေးပေမယ့် ခေါင်းငုံ့ထားမြဲဖြစ်တဲ့ဝဠာ့ကို ကျွန်တော်ငေးကြည့်နေမိတုန်း အတွေးတွေလွန်နေခဲ့တာပဲ။ခပ်းတင်းတင်းပြောလိုက်တဲ့ သူရဲ့အသံကြောင့်သာ အသိစိတ်တွေပြန်စုစည်းနိုင်ခဲ့တယ်။သူရက ဝဠာ့ကိုကျွန်တော်နဲ့တွဲမြင်ရတာမနှစ်မြို့တဲ့သူလေ။

ငှက်ကလေးကိုချစ်မိရင်(ငွက္ကေလးကိုခ်စ္မိရင္)حيث تعيش القصص. اكتشف الآن