24(Z/U)

275 19 1
                                    

U........

"ငါတို့ ဘုရားသွားကြမလား ငှက်ခါး.."

ကျွန်တော်တို့ ကျောင်းရှေ့ကလမ်းကိုကျော်တော့ တောင်မြောက်သွယ်တန်းနေတဲ့ ကားလမ်းမကြီးကိုရောက်နေကြပြီ။မြောက်ဖက်ကို နင်းရင် ကျွန်တော်တို့ရွာတွေဘက်ရောက်မှာဖြစ်သလို၊တောင်ဘက်ကိုဦးတည်နင်းရင်တော့ မြို့ထဲနာရီစင်ကိုဖြတ်ကာ မြို့ကိုရောက်မည်။
လမ်းပန်းတက်သွယ်ရေးအဆင်ပြေတာမို့ ကျောင်းသွားကျောင်းပြန်အချိန်အများကြီးလဲယူစရာမလိုပါ။သူ့အဖွဲ့နှင့်သူ ပြန်ကြတဲ့သူတွေလဲရှိကြပါသည်။ဒါပေမယ့် ဝဠာကတော့ တစ်ယောက်တည်းသွား၊တစ်ယောက်တည်းပြန်တတ်မြဲဖြစ်သည်။ဒါကြောင့်သူရကဆို ဥတလုံးစိတ်နဲ့ကောင်လို့ သူစိတ်ဆိုးတိုင်းပြောတတ်သည်။

ကျွန်တော်တို့မြို့မှာအရှေ့ဘက်ဘုရားကြီး၊အနောက်ဘက်ဘုရားကြီးရယ်လို့ တန်ခိုးကြီးဘုရားတွေရှိတာကြောင့် အတွဲတွေသွားစရာ၊ကျောင်းသားတွေအလည်ပတ်သွားစရာနေရာကောင်းလဲ ဖြစ်သည်။ကျွန်တော်တို့မြို့မှာ အထက်တန်းကျောင်းများစွာရှိပြီး ကျွန်တော်တို့တက်ကြတဲ့ကျောင်းမှာ ရွာကျောင်းသားပိုများသည်။အနောက်ဖက်ဘုရားကြီးနဲ့ဆို ပိုနီးတာကြောင့်ကျွန်တော်တို့ကျောင်းကကျောင်းသားတွေ အနောက်ဖက်ဘုရားကြီးကိုမရောက်ဖူးသူမရှိကြ။

"အင်း...အချိန်ရပါသေးတယ်။သွားကြမယ်လေ..။ဒါပေမယ့်..ဟိုးထားဆရာ။ခနရပ်အုံး.."

"ဘာဖြစ်လို့လဲ...ဘာလိုချင်လို့လဲ ငှက်ခါး.."

"ခနလေးပါ..မင်းဒီမှာစောင့်နေ.."

ဘေးတစောင်းထိုင်နေတဲ့ကောင်လေးက စက်ဘီးပေါ်ကခုန်ဆင်းရင်း ဆိုင်တစ်ခုထဲပြေးဝင်သွားလေရဲ့။အင်း..တိုးတက်လာပြီ။လူတောသူတောကို ဒီကောင်လေးသွားရဲလာရဲ ရှိတတ်ခဲ့ပြီ။ဒိန်ချဥ်ဆိုင်ထဲပြေးဝင်သွားတဲ့ ကောင်ငယ်လေးရဲ့ကျောပြင်ကိုကြည့်ရင်း ပြုံးမိတဲ့အပြုံးဟာ ပီတိပြုံးကပဲဖစ်မှာပါ၊ဝမ်းသာဝမ်းနည်းနှသ်ခုလုံး ဒွန်တွဲ​နေတဲ့အပြုံးဖြစ်မှာပါ။အရင်ကနဲ့စာရင် သွက်သွက်လက်လက်လေးဖြစ်လာတာကြောင့် ဝမ်းလဲသာမိပါသည်။

ငှက်ကလေးကိုချစ်မိရင်(ငွက္ကေလးကိုခ်စ္မိရင္)Donde viven las historias. Descúbrelo ahora