U....
လေးယောက်တန်းစားပွဲပေါ်က ထောင့်စွန်းနေရာမှာ ပန်းတွေနဲ့ချောကလတ်တွေရှိနေသည်။နေ့တိုင်းဝတ္တရားတစ်ခုလို လာလာပေးကြတဲ့သူတွေ၊သူတို့ပေးသမျှကို ဒိုင်ခံစားပေးတတ်တဲ့ကောင်တွေကြောင့် ပေးတဲ့သူတွေခမျာ ကျွန်တော်ယူတယ်လို့ပဲထင်နေကြတော့သည်။ပို့စကဒ်တွေနဲ့စာတွေကိုလဲ ဟိုနေ့တွေကလောက် စိတ်ဝင်စားမှုမရှိတော့ပါ။သူတို့ပြောတဲ့စကားဆန်းဆန်းတွေကို ဖတ်ရတာရင်ခုန်ရ၊ကြည်နူးရပေမယ့် ခုနေ့တော့ထိုစာတွေကိုဖတ်ချင်စိတ်မရှိတော့ပါ။
ခုနေ့ကျွန်တော့်စိတ်တွေလေးလံနေတယ်။
အမျိုးအမည်ဖော်လို့မရတဲ့ ခံစားချက်တစ်ချို့က ရင်ထဲမှာ ကိန်းအောင်းနေတော့၏။တင်းကြပ်ကြပ်ဖြစ်နေတဲ့ခံစားချက်ရယ်၊အလိုမကျမှုတွေက. မျက်နှာပေါ်မှာလဲ ထင်ဟပ်နေမည်မှာအမှန်။
ငှက်ခါးကျောင်းမတက်နိုင်တဲ့နေ့တွေတိုင်း အန်တီနီနီက ကျွန်တော့်ဆီသာ လာလာပြောနေကျ။ကျွန်နော်ကိုယ်တိုင်ခွင့်စာရေးပြီး သူတို့အတန်းပိုင်ကို အမြဲခွင့်တိုင်ပေးခဲ့ရတာ။ခုနေ့ ငှက်ခါးကျောင်းမတက်နိုင်တာကို ကျွန်တော်မသိလိုက်ရဘူးဆိုတာက စိတ်အနှောက်အယှက်တကယ်ဖြစ်စေသည်။"မင်းနဲ့မုန့်စျေးတန်းအတူသွားခဲ့တယ်ဆိုတဲ့ သူငယ်ချင်းက ဝဠာလား.."
ရွာလမ်းမတည့်တည့်ကို မျက်နှာမူကာ လမ်းလျှောက်နေတဲ့ကောင်လေးကတော့ ကျွန်တော်ငေးကြည့်နေတာကိုသိမှာမဟုတ်။ဝဠာဆိုတဲ့နာမည်ကြားရုံနဲ့ လက်ခနဲဖြစ်သွားတဲ့ သူ့မျက်ဝန်းလေးတွေက ဓူဝံကြယ်လေးလိုပါပဲ။
မြောက်အရပ်မှာရှိတဲ့ဓူဝံကြယ်လေးလို သူတစ်ယောက်အတွက်ပဲ ထွန်းလင်းပေးမယ်၊တောက်ပပေးမယ်ဆိုတဲ့ တစ်ဖက်သတ်ဆန်လှတဲ့ မျက်ဝန်းတွေပဲလား။"ဟုတ်တယ်ကိုကြီး။ဝဠာလေ.အရင်က သူ့ကိုဆိုရှိန်နေလို့မခေါ်ရဲဘူး။သေချာစကားပြောကြည့်တော့ ဝဠာက တော်တော်ခင်ဖို့ကောင်းတယ်။စကားပြောပြတ်သားပေမယ့် သူ့မှာကြင်နာတတ်တဲ့စိတ်လဲရှိတယ်."
အသစ်ရလိုက်တဲ့သူငယ်ချင်းရဲ့အကြောင်းကို ဂုဏ်ယူစွာပြောနေတဲ့ကောင်လေး။ဝဠာဆိုတဲ့နာမည်ကြားကတည်းက စိတ်ရှုပ်မှုတွေက ထုနဲ့ထည်နဲ့ဝင်လာခဲ့ကြတာ။ငှက်ခါးကို ဝဠာနဲ့မှမဟုတ်။ဘယ်သူနဲ့မှ အပေါင်းအသင်းမလုပ်စေချင်ခဲ့တာ။ကျွန်တော်ကိုယ်တိုင်ကလဲ ငှက်ခါးကိုအချိန်တွေပေးခဲ့ပေမယ့် ခုလပိုင်းတွေမှာ အချိန်မပေးနိုင်တော့တာတော့ဝန်ခံရတော့မည်။

YOU ARE READING
ငှက်ကလေးကိုချစ်မိရင်(ငွက္ကေလးကိုခ်စ္မိရင္)
Fantasyကောင်လေးတစ်ယောက်ကို ချစ်မိတာကလွဲရင် ကျွန်တော်က ယောက်ျားတစ်ယောက်ပါပဲ။ ဝဋ္ဌာတိမ်ငွေ့ ...... ယောက်ျားလေးဖြစ်နေလို့ မိန်းကလေးကို ကာကွယ်ရမယ်ဆိုတာ သဘာဝသိပ်မကျပါဘူး။ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကို ကာကွယ်တတ်ကြတာအဆန်းမှမဟုတ်ပဲ ထားထားငယ် ..... ကောင်လေးတစ်ယောက်ကို...