16(U/Z)

289 17 3
                                    

U....

(...)မြို့တွင်၊မိခင်လုပ်သူအား မိမိအိမ်ပေါ်မှာခေါ်ယူမထားလိုခြင်းကြောင့် သားအရင်းဖြစ်သူက ဘိုးဘွားရိပ်သာသို့ လက်မှတ်ထိုးကာပို့ဆောင်ခဲ့ကြောင်း..

ဆရာမခင်ခင်ထူးရဲ့"ဝတ်လဲတော်ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်" စာအုပ်ကိုဖတ်ပြီးတော့ ဖတ်စရာမရှိတော့တာကြောင့် ဖေဖေ့သတင်းစာကိုယူဖတ်နေမိသည်။မျက်နှာဖုံးမှာထင်းနေအောင်ပါတဲ့ သတင်းက ကျွန်တော့်စိတ်ကိုဟိုးအောက်ဆုံးထိဆွဲချလို့နေပြန်၏။

ဆရာမခင်ခင်ထူးရဲ့စာအုပ်ကိုဖတ်ပြီးတော့ သားသမီးရဲ့အချစ်ရေးအပေါ်ကန့်သတ်ကြတဲ့မိဘတွေကို ဇာတ်ဆောင်ခင်နှောင်းနေရာမှ အားမလိုအားမရဖြစ်ခဲ့ရသည်။ကိုယ့်ဘဝနဲ့ကိုယ်ပေမို့ အချစ်ရေးမှာတော့ ဝင်ရောက်စွက်ဖက်တာမျိုးကို လက်မခံချင်တာအမှန်ပါ။

ကျွန်တော့်စိတ်တွေ ဒွိဟဖြစ်နေတယ်။မိခင်အရင်းကိုတောင် ရက်ရက်စက်စက်ဘိုးဘွားရိပ်သာပို့ရက်ခဲ့တဲ့သားလုပ်သူရဲ့ခံစားချက်က ဘယ်အထိတောင်မိုက်ရူးရဲဆန်ပါသလဲ။သမီးဖြစ်သူရဲ့ အချစ်ရေးကို ကန့်သတ်ပိတ်ပင်ချင်ကြတဲ့မိဘတွေရဲ့ ဆန္ဒတွေ၊မျှော်လင့်ချက်တွေကရော။
မိဘကိုရက်ရက်စက်စက်ပစ်ခွာခဲ့တဲ့သားမိုက်တစ်ယောက်လိုမဖြစ်ချင်သလို၊ကျွန်တော့်အချစ်ရေးနဲ့ပတ်သတ်လာလျှင်လဲ ကန့်သတ်တာမခံချင်မိပါ။

အိမ်ထောင်ရေး..။ဒီအရာက ကျွန်တော့်အတွက်အဝေးကြီးမှာပါလေ။ကျွန်တော့်နှလုံးသားရေးရာမှာ ကန့်သတ်ခံလာခဲ့ရင်ရော။ဝဠာနဲ့ရင်းရင်းနှီးနှီးနေတာကိုတောင်မနှစ်မြို့တဲ့မေမေတို့က၊ကျွန်တော့်နှလုံးသားရေးမှာလဲ သူတို့သဘောမကျတဲ့သူနဲ့ဆို ကန့်ကွက်မှာအသေအချာပါ။မိဘနဲ့နှလုံးသားကဖြစ်တည်လာတဲ့အချစ်။နှစ်ခုစလုံးက ရွေးချယ်လို့မဖြစ်နိုင်ပါ။တစ်ခုကိုရွေးရမယ်ဆိုပြီးတော့လဲ ရူးရူးမိုက်မိုက်မတွေးလိုက်ချင်တာလဲပါပေလိမ့်မယ်။ကျွန်တော်မတွေးရဲ၊မိုက်ရူးရဲဆန်ကြီးတော့ပင် မရွေးချယ်ရဲပါ။

"သား..စာမေးပွဲနီးနေပြီမဟုတ်လား။စာကျက်တာလဲမတွေ့ဘူး.။တစ်နေကုန် ဝတ္ထုဖတ်လိုက်၊သတင်းစာဖတ်လိုက်နဲ့.."

ငှက်ကလေးကိုချစ်မိရင်(ငွက္ကေလးကိုခ်စ္မိရင္)Where stories live. Discover now