25(U/Z)

330 23 5
                                    

U.......

ငါးနှစ်ခန့်ကြာပြီးနောက်.....

"ဂျိန်း...ဂျိန်း...ဂျိန်း.."

ခုနှစ်မိုးအတော်ကောင်းသည်။မနက်လေးနာရီလောက်တည်းက သည်းကြီးမည်းကြီးရွာချလိုက်တဲ့မိုးက ခြောက်နာရီကျော်တဲ့အထိရွာလို့ကောင်းတုန်း။ငယ်စဥ်ကနဲ့မတူတော့တဲ့အိမ်ကြီးမှာ အသံတွေတိတ်ဆိတ်နေလို့နေသည်။ကိုယ့်အားကိုယ်ကိုးရမယ်ဆိုတဲ့ တစ်စုံတစ်ယောက်ရဲ့စကားကြောင့် လောကဓံတွေကိုခံနိုင်ရည်ရှိခဲ့သလားထင်မှတ်ခဲ့ရအောင် အဖြစ်အပျက်တွေအားလုံးဟာ မျက်လှည့်ဆန်လွန်းခဲ့ပါသည်။

ရွာဘုန်းတော်ကြီးကျောင်းကို ဆွမ်းပို့ရမှာမို့ငှက်ခါး ချက်ပြုတ်နေရသည်။တောင်ဘက်ကောင်းကင်မှာတော့ မိုးတွေမည်းတုန်းသည်းတုန်း။ရခိုင်ကမ်းရိုးတန်းကို အဖျားခပ်သွားတဲ့မုန်တိုင်းက အားလျော့သွားပေမယ့် ကျွန်တော်တို့ဘက်တွေမှာ မိုးတွေမရပ်သေးပါ။ချမ်းစိမ့်စိမံရာသီဥတုကနေလို့ကောင်းတာကြောင့်မိုးတွင်းကိုငှက်ခါးအလွန်ကြိုက်သည်။သီးပင်စားပင်တွေ၊ပန်းပင်တွေကိုစိမ်းစိမ်းလန်းလန်းမြင်ရသလို ပတ်ဝန်းကျင်အားလုံးကအစိမ်းရောင်တွေဖြင့်ကြီးစိုးနေသည်မှာ မျက်စိပဒါသဖြစ်လွန်းသည်။

အရင်ကဆို မိုးရွာရင် အိပ်ရာထဲကွေးနေမိမှာအမှန်ဖြစ်သည်။အချိန်တန်ရင် ရာဝင်စဥ့်အိုးကြီးတွေမှာ နှစ်ပေါက်တဲ့အထိသုံးဖို့ မိုးရေတွေအပြည့်။ဒီလိုဖြစ်အောင်လဲ နီနီကထောင့်စေအောင် အိမ်ထောင်မှုနိုင်နင်းသည်။ခုတော့ တစ်အိမ်လုံးမှာ ကျွန်တော့်လက်၊ကျွန်တော့်ခြေပဲ ဖြစ်ရတော့သည်။

"ငှက်ခါးရေ..ငှက်ခါး.."

"လာပြီ..လာပြီ"

အိမ်နောက်ဘေးက အလောတကြီးအေယ်ခေါ်သံကြောင့် ရင်တွေတုန်လာရသည်။ညကတစ်ညလုံးလဲ အိပ်မရခဲ့ပါ။ကာယကံရှင်က ဘယ်လိုနေမယ် မသိပေမယ့် ကျွန်တော့်မှာ ဆယ်တန်းစာမေးပွဲတွေဖြေပြီးကတတည်းက ပန်းသက်စေ့၊ရေချမ်းသက်စေ့တစ်နေ့မပျက် ဘုရားမှာဆက်ကပ်ပေးခဲ့ရသည်။ရွာထဲမှာလဲ ဆူဆူညံညံဖြစ်နေပြီ၊ခုနှစ်ဆယ်တန်းဖြေတဲ့သူတွေအများသားမဟုတ်လား။

ငှက်ကလေးကိုချစ်မိရင်(ငွက္ကေလးကိုခ်စ္မိရင္)Where stories live. Discover now