26(U/Z)

258 15 9
                                    

U.......

ဝဠာတို့ကြီးလှတို့ခြံထဲ လူတွေတရုန်းရုန်းရှိလှသည်။အဒေါ်တစ်ခုတူတစ်ခုရုန်းကန်ကြရင်း စီးပွားရေးချောင်လည်လာကြပေမယ့် ရိုးရိုးကုတ်ကုတ်သာနေကြသည်။ဝဠာဆယ်တန်းအောင်ပြီဆိုတော့ ကြီးလှစိတ်အေးရပြီ။ဒီတူလေးကို တက္ကသိုလ်ဆက်ထားဖို့နဲ့ သူရထားတဲ့အမှတ်တွေနဲ့ဆို ဆေးကျောင်းပါတက်လို့ရပါသည်။ဝဠာ့ကိုဆရာဝန်လုပ်ဖို့ဝါသနာပါရဲ့လားမေးတော့

"ဝါသနာပါလှတယ်လဲမဟုတ်ပါဘူးဗျာ။ဆေးကျောင်းတက်ရင် အချိန်တွေအများကြီးပေးရမှာ။ကြီးလှမထားနိုင်မှာကိုပဲပူတာ"

"နင်တက်မယ်ဆို ထားပေးဖို့က ငါ့တာဝန်ပါ။နင်သာ ဘယ်ကျောင်းတက်ချင်လဲ သေချာစဥ်းစားထား"

တူဝရီးနှစ်ယောက် ဆယ်တန်းအောင်စရင်းထွက်တဲ့နေ့မှာလဲ ဝဠာကအေးအေးဆေးဆေးအိပ်နိုင်ပေမယ့် ကြီးလှမှာခြေမကိုင်မိလက်မကိုင်မိရှိလှသည်။ကိုယ့်တူအရည်အချင်းကိုသိပေမယ့် ခြေချော်လက်ချော်များဖြစ်ခဲ့ရင်ဆိုတဲ့အတွေးက အောင်စရင်းထွက်ဖို့ရက်ကို တိကျကျသိရတဲ့တစ်ပတ်အလိုလောက်တည်းက ထမင်းမှကောင်းကောင်းမစားနိုင်၊မအိပ်နိုင်ဖြစ်ရသည်။

တစ်မိပေါက်တစ်ယောက်ထွန်း ဆိုသလို၊ရွာအတွက် ဆရာဝန်တစ်ယောက်ရှိခြင်းကလဲ ရွာဂုဏ်၊မိဘဂုဏ်ကိုတက်စေသည်။ငယ်ငယ်တည်းက ဒီတူဘေးရဲ့ ပညာရေးနဲ့ပတ်သတ်ပြီး အားရခဲ့ရပါသည်။မြို့နယ်ထူးချွန်၊ဘက်စုံ၊စကောလားရှစ်ကအစ နံပါတ်တစ်အ့မဲချိတ်ခဲ့တဲ့ တူလေးမလို့ ပညာရေးနဲ့ပတ်သတ်ပြီး မြင့်မြင့်မှန်းထားသည်။
သူဝါသနာပါရင် ဆေးကျောင်းထားဖို့လဲ တတ်နိုင်ပါသည်။

"ကြီးလှ ငါးလုံးမယ့်လူတွေ မီးဖိုကျင်းဘယ်နေရာတူးရမလဲ လာမေးနေပြီ.."

"အေးသားလေး လာပြီလို့ပြောလိုက်။မအေးတို့ကလဲအေ နောက်ဖေးသရက်ပင်နားတူးပါမယ်ပြောထားတာကို နောက်ထပ်မေးနေပြန်ပြီ။သား..တေးသီ။လူရှုပ်တဲ့ဒဏ်မခံနိုင်ရင် အိမ်ပေါ်တက်နေနော်။အိမ်ပေါ်ကိုဘယ်ဧည့်သည်မှမလာဘူး။လူများတော့ အနေကြပ်မှာဆိုးလို့.."

"ရတယ်ကြီးလှ။ကျွန်တော် ဝဠာတို့နဲ့သွားနေမှာပါ"

ဝဠာ့အောင်ပွဲအထိမ်းအမှတ် ဂုဏ်ပြုပွဲလုပ်မယ့် တစ်ရက်အလိုမှာလူမှုရေးကောင်းလွန်းတဲ့ ကြီးလှတို့ခြံထဲဝိုင်းကြဝန်းကြ ကူညီညာလုပ်ကိုင်သူတွေများကြသည်။
လုပ်ကြကိုင်ကြသူတွေထဲ ယောင်ယမ်းလို့ နီနီ့ကိုရှာနေမိသည်။သြော်...အနိစ္စ၊အနိစ္စ မမြဲတဲ့တရားပါလား။နီနီနဲ့ကလေးဘဝတည်းကရင်းနှီးခဲ့ကြတာဆိုတော့ နီနီ့အကြောင်းအူမချေးခါးအကုန်သိသည်။စည်းစနစ်ကြီးတဲ့မိသားစုကကြီးပြင်းလာခဲ့တဲ့သူမက လူမှုဆက်ဆံရေးကောင်းလွန်းသည်။သာမာန်လူတွေနဲ့အဖက်မတန်သလိုဆက်ဆံတတ်ကြတဲ့ သူ့မိသားစုနဲ့ရှောင်ဖယ်ကာ နီနီ့စိတ်ကတော့ ကြင်နာသနားတတ်သည်။

ငှက်ကလေးကိုချစ်မိရင်(ငွက္ကေလးကိုခ်စ္မိရင္)Where stories live. Discover now