28(U/Z)

632 29 14
                                    

U......

ရွာအရှေ့ဖျားက ငှက်ခါးတို့အိမ်ကြီးကနေ ရွာအနောက်ပိုင်းမကျတကျက ဝဠာတို့အိမ်ကဖွင့်နေတဲ့ ဆောင်းဘောက်တွေရဲ့အသံကို အတိုင်းသားကြားနေရသည်။အပျော်အပါးမက်ကြတဲ့ ရွာသားတွေရဲ့ အကျင့်အတိုင်း သူတစ်လှည့်၊ငါတစ်လှည့် မိုက်လုကာသီချင်းဆိုကြတဲ့အသံတွေကိုလဲ လူမရောက်သော်လည်း အထင်းသားကြားနေရသည်။
သီချင်းမျိုးစုံကို ပုံစံမျိုးစုံနဲ့ဆိုကြသလို၊ကီးချော်ကာ သီချင်းပျက်တဲ့အထိ ဖြစ်ရတဲ့သူတွေလဲရှိသည်။

ခုနေ့အိမ်မှာ ငှက်ခါးတစ်ယောက်တည်းဖြစ်သည်။ဖေဖေတို့ ထမင်းစားသောက်ပြီးတည်းက အန်တီတင်တင်အိမ်လည်ခေါ်တဲ့နောက်လိုက်သွားကြသည်။အန်တီတင်တင်က ကျွန်တော့်ကိုပါအလည်ခေါ်ပေမယ့် မလိုက်သွားဖြစ်ပါ။သူတို့ပြောကြမယ့် စကားဝိုင်းမှာ ကိုကြီးစောဟန်က ဇာတ်လိုက်ဖြစ်ပေလိမ့်မည်။ပညာရေးအကြောင်း စကားစကြလျှင် ကျွန်တော့်နှလုံးသားအနာကိုစွပေးသလိုနာကျင်ရပေအုံးမည်။မလုပ်နိုင်တဲ့အရာမဟုတ်ပေမယ့် အကြောင်းကြောင်းနဲ့မဖြစ်လာခဲ့တဲ့အပေါ် ကျွန်တော်ခံနိုင်ရည်လုံးဝမရှိသေးပါ။

××တောရွာလေးကို အလည်လာပါမောင်ရယ်×××မန်ကျည်းပင်တွေအုံ့ကာမှိုင်းလို့ထန်းတောကြီးမြင်မယ်××ရှုမျှော်ခင်းတွေစုံစုံလင်လင်××တောရဲ့သဘာဝပဏာရလှပေတယ်××

အိပ်ခန်းပြတင်းပေါက်ရဲ့အပြင်ဘက်၊လသာသာမြင်ကွင်းကိုငေးကြည့်နေရင်း အသံချိုနွဲ့နွဲ့ထွက်လာတဲ့ သီချင်းသံက နှလုံးအေးစရာကောင်းလှသည်။နီနီရှိစဥ်က အမြဲဖွင့်နေကျသီချင်းတွေဆိုတော့ ဘယ်အဆိုတော်ဆိုတာလဲကအစ ကျွန်တော်သိသည်။အဆိုတော်မေရွက်ဝါရဲ့အသံချိုချိုလေးကဲ့သို့ပင် ပြတ်ပြတ်သားသားကြားနေတဲ့အသံရှင်က ကြီးလှဖြစ်တယ်ဆိုတာ တစ်ရွာလုံးသိပေမည်။

သီချင်းဆိုဝါသနာပါတဲ့ကြီးလှက မင်္ဂလာဆောင်တိုင်း၊အလှူတိုင်းမှာ ထိုသီချင်းဆိုနေကျဖြသ်သည်။မဆိုလျှင်လည်း ဆိုအောင် သီချင်းတောင်းတတ်ကြသည်။နောက်တော့ ရွာထဲမှာဘာပွဲရှိရှိ ကြီးလှက ဒိုင်ခံ"တောရွာကလေး" ဆိုတဲ့သီချင်းကိုဆိုလေ့ရှိသည်။ရွာမှာနေ၊ရွာမှာကြီး၊ရွာမှာခေါင်းချခဲ့တဲ့ နီနီ့သွေးတွေအပြည့်ပါလို့ထင်သည်။ရွာကို ကျွန်တော်ချစ်သည်။ရွာဓလေ့တွေ၊ရွာ့ယဥ်ကျေးမှုတွေကို ကျွန်တော်မြတ်နိူးသည်။ခုလိုမိုးတွင်းချိန် သစ်ပင်စိမ်းစိမ်း၊ရေဖွေးဖွေးနဲ့လယ်ကွင်းတွေကို မြင်နေရခြင်းကို ဘယ်အလှကမှစာဖွဲ့နိုင်မယ်မထင်။

ငှက်ကလေးကိုချစ်မိရင်(ငွက္ကေလးကိုခ်စ္မိရင္)Opowieści tętniące życiem. Odkryj je teraz