U....
"ဂွမ်း.."
စိတ်ကိုလျှော့ထား ဝဠာ..လျှော့ထား။အသိစိတ်လွတ်ချင်နေတဲ့ ကိုယ့်ကိုကိုယ်သတိပေးမိသည်။ဒါပေမယ့်လဲ ဒေါသစိတ်က ထိန်းလို့မရနိုင်ခဲ့။မျက်စိရှေ့မှာပေါ်လာတဲ့ အိမ်ရှေ့က အပင်တွေရေလောင်းဖို့ထားတဲ့ သံချိုင့်ကိုအာရုံရောက်သွားခဲ့ပြီ။
တစ်လမ်းလုံးတင်းလာတဲ့စိတ်က အိမ်ရှေ့မှာထောင်ထားတဲ့သံချိုင့်ကိုမြင်မှ အချဥ်ပေါက်သွားသည်။အားတင်းတင်းနဲ့ကန်ချလိုက်တာကြောင့် ခြေထောက်လဲနာသွားသလို၊သံချိုင့်လေးကလဲ မြေပေါ်မှာ တလိမ့်လိမ့်နဲ့လိမ့်သွားသည်။ကျွန်တော့်စိတ်တွေလဲ အနည်းငယ်ပြေသွားသယောင်ယောင်..
"ဟိုကောင်..ဘာဖြစ်တာလဲ.."
ချောင်းဟန့်သံနဲ့အတူအဖေ့အသံကိုကြားလိုက်ရသည်။အဖေအိမ်မှာရှိနေတာကိုမေ့ပြီး ကန်ချလိုက်တာ။အသံလည်းတော်တော်ကျယ်သွားတော့ အဖေနိုးသွားတာ ဖြစ်ပေလိမ့်မည်။ဒါမှမဟုတ် စောစောနိူးနေတာလဲဖြစ်နိုင်သည်။မနက်မလင်း၊ညမလင်း။ဗူးလဲချင်လဲ၊မလဲရင်သူလဲတဲ့အဖေက မနက်အရက်၊နေ့လည်အရက်၊ညအရက်နဲ့သူဖြစ်သည်။အရက်နဲ့မျက်နှာသစ်ကာ အိပ်ရာနိူးကာ၊အရက်နဲ့မျက်နှာသစ်ရင်းပင် ညအိပ်ရာဝင်တတ်သူမဟုတ်လား။
"ဘာမှမဟုတ်ဘူး။တက်တိုက်မိတာ.."
"ဘာကွ..ကလိမ်ကကျစ်ကောင်။မင်းကန်လိုက်တာ ငါမြင်နေတာကိုပဲ လိမ်ချင်သေးတာလား."
"ကျစ်.."
ပြသနာကိုဖယောင်းတိုင်ထွန်းပြီးရှာမိပြန်ပြီကွာ။
လက်ကျန်အရက်ပုလင်းကိုအဖေ သောက်ပြီးလို့ ရေချိန်မကိုက်တကိုက်ဖြစ်နေတာနေမယ်။အရက်သိပ်မမူးရင်သာ ရစ်ပြီးဆဲတတ်ပေမာ့် အရမ်းမူးနေရင်တော့ အမေ့ဓာတ်ပုံကိုဆွေးဆွေးကြည့်ကာ ငိုရင်းအိပ်ပျော်သွားတတ်တယ်။အမေ့ကြောင့်အရက်သောက်တာလား၊သူ့ရင်ထဲကအလွမ်းတွေကို ထိုအရက်ကပဲကုစားပေးနိူင်တာသေချာရဲ့လား။ကျွန်တော်ကတော့ အဲ့လိုမထင်ပါ။အရက်ကသာ ကုစားပေးလို့ရတယ်ဆို အဖေအရက်သောက်ပြီးရင်ငိုမှာမဟုတ်။အရာအားလုံး၊အချစ်နဲ့အလွမ်းကို ထွေးပွေ့ကာ အရက်နဲ့မွေ့လျော်နေတဲ့သူတစ်ယောက်ပါလားလို့ ခပ်ပေါ့ပေါ့ပြောမိရင် အဖေထိုးတာခံရမှာမလွဲပေ။
![](https://img.wattpad.com/cover/332908249-288-k107590.jpg)
ESTÁS LEYENDO
ငှက်ကလေးကိုချစ်မိရင်(ငွက္ကေလးကိုခ်စ္မိရင္)
Fantasíaကောင်လေးတစ်ယောက်ကို ချစ်မိတာကလွဲရင် ကျွန်တော်က ယောက်ျားတစ်ယောက်ပါပဲ။ ဝဋ္ဌာတိမ်ငွေ့ ...... ယောက်ျားလေးဖြစ်နေလို့ မိန်းကလေးကို ကာကွယ်ရမယ်ဆိုတာ သဘာဝသိပ်မကျပါဘူး။ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကို ကာကွယ်တတ်ကြတာအဆန်းမှမဟုတ်ပဲ ထားထားငယ် ..... ကောင်လေးတစ်ယောက်ကို...