U....
ခုနေ့အိပ်ရာစောစောနိူးနေလို့ မျက်နှာသစ်ဖို့အရင်ပြင်ရသည်။ခါတိုင်းနေ့တွေဆို စာကျက်ဖို့ပဲ ပြင်မိပေမယ့် ခုနေ့မှာတော့ စာကျင်ချင်တဲ့စိတ်ရှိမနေပါ။ကျောင်းမတက်ရတာ သုံးရက်တိတိရှိပြီ။ကိုကြီးကလဲလူရည်ချွန်စာမေးပွဲရှိလို့ ကျွန်တော့်ကိုအချိန်မပေးနိုင်။မသိတဲ့စာတွေများပြီး စုပြုံလာမှာမျိုးလဲမဖြစ်စေချင်။ကျန်းမာရေးချူချာလွန်းတဲ့ ကိုယ့်ကိုကိုယ် ဘဝင်မကျမိပေမယ့် မှတ်ဉာဏ်အာရုံစူးစိုက်မှုအားကောင်းတာကိုတော့ သဘောကျမိသည်။
အင်္ဂလိပ်စာကတော့အမြဲလေ့လာနေတဲ့ဘာသာဖြစ်တာကြောင့်အခက်အခဲမရှိ။အရေးကြီးတာကသင်္ချာဖြစ်သည်။ဒါပေမယ့်အများကြီးစိတ်မပူမိပါ။သင်္ချာဆရာမက ကျွန်တော့်အချစ်တော်ဆရာမပင်။ဆရာမကို အကူညီတောင်းပြီးတော့ပဲ သင်္ချာတွေပြန်ရှင်းပြခိုင်းရတော့မည်။ပွဲရုံကိစ္စတွေနဲ့အလုပ်များနေတဲ့ ဖေဖေတို့ကိုလဲ အားနာသည်။စီးပွားရေးကတစ်ဖက်၊ကျွန်တော်ကတစ်ဖက်ဖြစ်နေတာကြောင့် ကျွန်တော့်ဘက်ကတော့ အပူတွေထပ်မပေးချင်။
"ပင်ပန်းတယ်" ဆိုပြီးခနခန ငြီးငြူနေတတ်တဲ့ ဖေဖေ့စကားသံတွေကြားရသလို၊ဆေးပုံမှန်သောက်နေရတဲ့မေမေ့ကိုလဲ အားနာမိသည်။ဒီကြားထဲ ကျွန်တော်နေမကောင်းဖြစ်ရင် သူတို့မှာစိတ်ဒုက္ခရောက်ရပြန်သေးသည်။ဒါကြောင့်ဘာကိစ္စပဲ ဖြစ်ဖြစ် နီနီ့ကိုပဲ တိုင်ပင်ဖြစ်သည်။နီနီနဲ့ပဲ လက်ပွန်းတတီးနေဖြစ်ခဲ့သည်။တစ်ချို့ကိစ္စတွေမှာတော့ နီနီ့ကိုတိုင်ပင်လို့မရ။အဲ့လိုအချိန်မျိုးဆို ကိုကြီးကို အားကိုးရသည်။
အသက်ငယ်ငယ်တည်းက ခင်တွယ်လာခဲ့ရတဲ့အကိုဖြစ်သလို၊ကျွန်တော့်အပေါ်လဲ စိတ်ရှည်တတ်တဲ့သူ့ကို ကျွန်တော်ခက်တွယ်တွယ်မိသည်။သိသိသာသာရှည်လျားလာတဲ့အရပ်ရယ်၊ချောမောလာတဲ့မျက်နှာပေါက်ရယ်၊လူရည်ချွန်ကျောင်းသားဆိုတဲ့ဂုဏ်က ကိုကြီးကို တစ်ကျောင်းလုံးမှာ popularဖြစ်စေသည်။အရင်ကလိုအိမ်ကိုခနခနမလာဖြစ်ပေမယ့် ခနတဖြုတ်လောက်တော့လာပါသည်။စကားတွေအများကြီးမပြောရပေမယ့် စာနဲ့ပတ်သတ်တဲ့ အကြံတွေကိုတော့ ကိုကြီးဆီက တောင်းယူနေကျဖြစ်သည်။
YOU ARE READING
ငှက်ကလေးကိုချစ်မိရင်(ငွက္ကေလးကိုခ်စ္မိရင္)
Fantasyကောင်လေးတစ်ယောက်ကို ချစ်မိတာကလွဲရင် ကျွန်တော်က ယောက်ျားတစ်ယောက်ပါပဲ။ ဝဋ္ဌာတိမ်ငွေ့ ...... ယောက်ျားလေးဖြစ်နေလို့ မိန်းကလေးကို ကာကွယ်ရမယ်ဆိုတာ သဘာဝသိပ်မကျပါဘူး။ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကို ကာကွယ်တတ်ကြတာအဆန်းမှမဟုတ်ပဲ ထားထားငယ် ..... ကောင်လေးတစ်ယောက်ကို...