U....
ကျောင်းကပြန်ရောက်တည်းက ရေစောစောချိုးပြီး စာကြည့်စားပွဲထိုင်ရ၏။မှတ်စုတစ်ချို့ကိုတော့ကျောင်းမှာ အားရင်အားသလိုရေးလိုက်လို့ သင်္ချာတွေတွက်ဖို့ပဲကျန်တော့တယ်။ကျွန်တော်ကမနက်စောစောထပြီးစာကျက်တဲ့သူဖြစ်လို့ ကျက်စာတွေကိုတော့ မနက်မှကျက်ဖြစ်တာ အကျင့်လိုပင်ဖြစ်နေပြီ။အိပ်ရောစောစောထပြီး စာကျက်တော့ စာပိုရသလိုပင်။လွယ်အိတ်ထဲကနေ တွက်လက်စသင်္ချာစာအုပ်ကိုထုတ်လိုက်တော့ သူ့စာအုပ်လေးနှစ်အုပ်ကပါ အလိုက်သင့်ထွက်လာလေသည်။
အမည်..မောင်ငှက်ခါး
အတန်း..ဆဠမတန်း(က)
ဘာသာ..မြန်မာ့သမိုင်း
ကျောင်း..အ.ထ.က(....)မနက်က သူစာအုပ်လာပေးတော့ ဒီအတိုင်းလွယ်အိတ်ထဲထည့်ထားလိုက်တာ ခုမှသူ့လက်ရေးကိုသေချာမြင်ဖူးတော့တယ်။လူကြီးမကျ၊ကလေးမဆန်တဲ့လက်ရေးလေးတွေက Top Choiceစာအုပ်အဖုံးမှာ စက္ကူအဖြူညီညီလေးထောင့်ကွက်ပေါ်မှာအထင်းသား။
"ဒီလိုကာတွန်းတွေကိုကြိုက်တာလား။ကလေးဆန်လိုက်တာကွာ"လို့ပြောရလောက်တဲ့အထိ သူ့စာအုပ်အဖုံးက မထိရက်မကိုင်ရက်နဲ့ လှပနေလွန်းတာ။
Disneyမင်းသမီးတစ်ယောက်ဖြစ်တဲ့ Arielက မြန်မာ့သမိုင်းစာအုပ်မှာ ကျကျနနနေရာယူလို့။ကျောက်ဆောင်ပေါ်မှာ ဟန်ပါပါထိုင်ရင်း ခက်ရင်းခွနဲ့ခေါင်းဖြီးနေပုံက စာအုပ်ပုံရှင်ရဲ့မျက်နှာလေးလို ကြည်ကြည်လင်လင်ရှိနေသည်။Disneyကားတွေဆိူ Arielနဲ့Cinderellaလောက်ပဲ သိတဲ့ကျွန်တော်က ဇာတ်ကားတွေကိုလဲ သေချာကြည့်ဖူးတာလဲမဟုတ်။
ပုံပစ်တဲ့ပုံကဒ်တွေမှာ ဒီမင်းသမီးရုပ်ပုံတွေက ပါနေကျ။မိန်းကလေးတွေအသဲစွဲဖြစ်တဲ့ မင်းသမီးတွေက တကယ်နုနုနယ်နယ်လေးတွေ။
စာအုပ်အတွင်းထဲကို ဖွင့်ကြည့်မိတော့ Dateတွေကို အတိအကျရေးထားတယ်။တစ်ပုဒ်ပြီးတစ်ပုဒ်မျဥ်းမသားလို့ လက်ဆစ်အရိုက်ခံရတဲ့ကျွန်တော် ပင်အားငယ်စိတ်တွေတောင်ဝင်လာရတဲ့အထိ သပ်ရပ်လွန်းသော၊သေသပ်လွန်းသော အရေးအသားတွေ။တစ်ပုဒ်ပြီးတစ်ပုဒ်မျဥ်းသားထားသလို၊မှတ်စုတို၊မှတ်စုရှည်တွေက ဖျက်ရာကင်းနေသည်။

KAMU SEDANG MEMBACA
ငှက်ကလေးကိုချစ်မိရင်(ငွက္ကေလးကိုခ်စ္မိရင္)
Fantasiကောင်လေးတစ်ယောက်ကို ချစ်မိတာကလွဲရင် ကျွန်တော်က ယောက်ျားတစ်ယောက်ပါပဲ။ ဝဋ္ဌာတိမ်ငွေ့ ...... ယောက်ျားလေးဖြစ်နေလို့ မိန်းကလေးကို ကာကွယ်ရမယ်ဆိုတာ သဘာဝသိပ်မကျပါဘူး။ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကို ကာကွယ်တတ်ကြတာအဆန်းမှမဟုတ်ပဲ ထားထားငယ် ..... ကောင်လေးတစ်ယောက်ကို...