U...
"ငှက်ခါး..ဝဠာတို့ခုနှစ်တန်းဆောင်ဘက်မှာ ရန်ဖြစ်ကြလို့တဲ့.."
ခုနေ့ကျောင်းကို စောစောရောက်တာကြောင့် အခန်းထဲမှာလူမစုံသေးပါ။အထူးသဖြင့် မြို့ပေါ်ကျောင်းသားတွေမရောက်ကြသေးတာဖြစ်သည်။
စာကြည့်တိုက်ထဲမှာအတန်းပိုင်ကို စာအုပ်တွေကူစီပေးရင်း ဆရာမခင်ခင်ထူးရဲ့"ပန်းကြာဝတ်မှုန်"စာအုပ်လေးတွေ့လို့ ငှားလာပြီးဖတ်နေတဲ့အချိန် ကျွန်တော့်အနားကို အလောတကြီးရောက်လာပြီး အမောတကောပြောတဲ့အသံကြောင့် ကျွန်တော်လန့်သွားရသည်။"ဟင်..ရန်..ရန်ဖြစ်တယ်.."
"အေးဟုတ်တယ်..အများနဲ့တစ်ယောက်ဖြစ်တာဆိုလားပဲ။ဘေးခန်းကကောင်မလေးတစ်ယောက်လာပြောလို့ ငါအတန်းပိုင်ကိုသွားခေါ်လိုက်အုံးမယ်။နင်သွားလို့အဆင်ပြေရင် သွားလိုက်ပါလားဟယ်.."
"ငါ..ငါ.."
ဝဠာနဲ့တွဲနေကျဖြစ်တဲ့ကောင်တွေက ခုအချိန်ဆိုဘောလုံးကွင်းထဲရောက်နေကြလောက်ပြီ။သူတို့ချည်းပဲမဟုတ်ပါ။ ယောက်ျားလေးတန်းဘက်က ကောင်တွေအကုန်လုံး ဘောလုံးကွင်းထဲကို မနက်တိုင်းသွားတတ်ကြသည်။ဘောလုံးကန်ကြသည်၊ဝိုင်းဖွဲ့ကာခြင်းခတ်တတ်ကြသလို အားကစားလုပ်ကြတာလဲရှိသည်။ပြီးတော့ အတန်းကြီးသမားတွေလဲရှိတာဆိုတော့ သူ့သူငယ်ချင်းတွေကိုရှာဖို့လွယ်မှာမဟုတ်။ကျွန်တော်ကိုယ်တိုင်လဲကြောက်နေခဲ့မိတယ်။ကျွန်တော်အစမခံချင်ဘူး။ဝဠာ့သူငယ်ချင်း၊သူနဲ့တပူးပူးတတွဲတွဲနေတတ်တဲ့ သူရဆိုတဲ့ကောင်က ကျွန်တော့်ကိုဆို အမြဲဂျစ်ကန်ကန်နဲ့စနေချင်တာ။ဝဠာ့ကြောင့်သာ..ကျွန်တော်အစမခံခဲ့ရတာကြာပြီ။
ထားထားငယ်ကလဲ သတင်းသာပေးပြီး အတန်းပိုင်ဆီကိုအပြေးသွားပြောတော့သည်။အကျိုးရယ်၊အကြောက်းရယ်သေချာရှင်းမပြတော့ ဘာဖြစ်တာလဲရေရေရာရာမရှိ။အတန်းထဲမှာလဲ ကျွန်တော်တစ်ယောက်တည်းသာ။နှစ်ယောက်စု၊သုံးယောက်စုရှိနေတဲ့မိန်းကလေးတွေက စကားပြောတဲ့သူပြော၊ဆံပင်ကျစ်ဆံမြီးကျစ်လို့ကျစ်နဲ့ဆိုတော့ သူတို့ကိုပြောရင်လဲ ဝဠာရန်ဖြစ်တဲ့သတင်းက သူတို့ကိုရီးယားကားလောက် အဓိပ္ပါယ်ရှိမှာမဟုတ်။
YOU ARE READING
ငှက်ကလေးကိုချစ်မိရင်(ငွက္ကေလးကိုခ်စ္မိရင္)
Fantasyကောင်လေးတစ်ယောက်ကို ချစ်မိတာကလွဲရင် ကျွန်တော်က ယောက်ျားတစ်ယောက်ပါပဲ။ ဝဋ္ဌာတိမ်ငွေ့ ...... ယောက်ျားလေးဖြစ်နေလို့ မိန်းကလေးကို ကာကွယ်ရမယ်ဆိုတာ သဘာဝသိပ်မကျပါဘူး။ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကို ကာကွယ်တတ်ကြတာအဆန်းမှမဟုတ်ပဲ ထားထားငယ် ..... ကောင်လေးတစ်ယောက်ကို...