22

256 20 6
                                    

U.....

ကျောင်းတက်ခေါင်းလောင်းထိုးတဲ့အချိန်ထိ နေရာတစ်ခုကတော့ လွတ်နေဆဲပါပဲ။သင်္ချာတွေကုန်းတွက်နေပေမယ့် အဖြေမထွက်။ဂျီသြမေတြီသိအိုရီတွေကို ကဗျာရွတ်သလိုရတဲ့ ဝဠာက စိတ်နဲ့လူနဲ့မကပ်တာ ထမင်းစားပြီးတည်းကပါပဲ။ဆယ့်နှစ်နာရီခွဲလောက်တည်းက အတန်းထဲမှာမရှိတဲ့ကောင်လေးက သူ့အစ်ကိုရဲ့အတန်းထဲက ပြန်မလာသေးပါ။အရင်နေ့တွေက တစ်နာရီမထိုးခင်ပြန်လာတတ်ပေမယ့် ခုနေ့နောက်ကျနေတော့ စိတ်မချသလို ပူပန်ရသေးတယ်။ဒါက ကျွန်တော်နဲ့မှမဆိုင်ပဲလေ။သူ့အကိုက သူ့ကိုစောင့်ရှောက်နိုင်မှာပါ။ထပ်မပတ်သတ်မိတော့ဖို့ ထိန်းချုပ်ထားရတဲ့စိတ်တွေကို စိုးရိမ်စိတ်တွေက အနိုင်ယူနိုင်တယ်။

"ဟူး..."

မင်းနဲ့ပတ်သတ်ပြီးချမိတဲ့သက်ပြင်းတွေမှာ ပူပန်ခြင်းတွေအားလုံးပါသွားရင်ကောင်းမယ်။

သူရကျွန်တော့်ကို သတိထားကြည့်နေတာလဲကျွန်တော်သိပါတယ်။ငှက်ခါးနဲ့မပတ်သတ်စေချင်တာတွေ၊ကျွန်တော်ငှက်ခါးအပေါ်ထားတဲ့ခံစားချက်တွေကိုပြောင်းလဲစေချင်နေတာတွေ။ငယ့ငယ်တည်းက ပခုံးဖက်ပေါင်းလာတဲ့ကောင်ဆိုတော့ ကျွန်တော့်ခံစားချက်တွေကိုပြောင်းပေးနေချင်တာတွေလဲ ကျွန်တော်သိပါတယ်။အချစ်ပါတဲ့စိတ်ခံစားချက်ဟာ ပြောင်းလဲဖို့မလွယ်ကူကြောင်း သူရလဲသိမှာပါ။ဒါပေမယ့် သူပြောင်းလဲပေးရင်ရမယ်ဆိုတဲ့ ခံယူချက်က ကျွန်တော့်အပေါ်ထားတဲ့သံယောဇဥ်ကြောင့်ဆိုတာ ငြင်းလို့မရတဲ့အမှန်တရားပဲလေ။

"ဝဠာ.."

"အင်း.."

"ရော့..ငါ့ကို ဒီကြိုးလေးဖြည်ပေးစမ်းပါဟာ။စိတ်မရှည်လို့ ရှုပ်ပဲရှုပ်နိုင်လွန်းတယ်ဒီကြိုးတွေ။ဆွဲဖြတ်ချင်လာပြီ.."

ချည်လုံးပန်းရောင်လေးကို ကျွန်တော့်ရှေ့ပစ်ချပေးတဲ့ ထားထားငယ်က မိန်းကလေးနဲ့ဘယ်နေရာမှမတူ။လက်မှာလဲ ချည်ထိုးအပ်ကိုကိုင်ထားပြီး မျက်နှာကလဲ စုပုပ်နေလေရဲ့။

ကျွန်တော်တို့အခန်းထဲက မိန်းကလေးတော်တော်များများ နှစ်ကုန်ခါနီးမှ အတန်းထဲမှာခေတ်စားလာတာတစ်ခုရှိသည်။အိမ်တွင်းမှု၊စက်မှုအချိန်တွေဆို သင်္ချာဆရာမဒါမှမဟုတ် အတန်းပိုင်ဆရာမဝင်ပေမယ့် နှစ်ကုန်ခါနီးမှာတော့ ကျွန်တော်တို့ယောက်ျားလေးတွေကို ထရံရက်တာမျိုး လက်မှုတွေ သင်ပေးတယ်။

ငှက်ကလေးကိုချစ်မိရင်(ငွက္ကေလးကိုခ်စ္မိရင္)Where stories live. Discover now