(Uni) Chapter 17: Goodness of Handsome Man

840 90 2
                                    




နှစ်ပတ်အတွင်းမှာပဲနှစ်၀က်စာမေးပွဲကို ကျင်းပတော့မှာဆိုပေမဲ့ ငါအခုထိစာအုပ်တစ်အုပ်မှမကိုင်ရသေးပါဘူး။ အစကတော့ Sound အပါအ၀င်ငါ့သူငယ်ချင်းငါးယောက်နဲ့အတူ Po ရဲ့အိမ်မှာ သင်္ချာနဲ့ ရူပဗေဒကိုတူတူလုပ်ဖို့အတွက် ချိန်းထားကြတယ်ဆိုပေမဲ့လည်း ကမ္ဘာပေါ်မှာစမတ်အကျဆုံးနဲ့ အချောဆုံးသောကောင်ရဲ့ Bae ဖြစ်သွားရတဲ့အချိန်နဲ့တိုက်ဆိုင်ပြီးတော့ ဖျက်သိမ်းလိုက်ရ‌တော့တယ်လေ။ ဒါ့အပြင် အခုလူချောကောင်က ငါ့ကိုစာကြည့်တိုက်မှာစောင့်နေခိုင်းတဲ့အတွက် ကျောင်းမှာငါမလာဖြစ်ဆုံးနေရာဖြစ်တဲ့ ဒီနေရာမှာစောင့်နေရတော့တာပေါ့! ငါမလိုအပ်ရင်ဒီကိုလာဖို့တောင် တစ်ခါမှမတွေးခဲ့ဖူးဘူးလေ....

ငါစာကြည့်တိုက်ထဲကိုရောက်တာနဲ့ အခန်းရဲ့နောက်ဆုံးက စားပွဲမှာ၀င်ထိုင်လိုက်တော့သည်။ စင်္ကြံအပြင်ကိုလှမ်းကြည့်လိုက်တဲ့အခါ လူချောကောင်ကိုမတွေ့ရသေးတဲ့အတွက် အိမ်စာစာအုပ်ကိုထုတ်ယူပြီးဖတ်နေလိုက်တယ်လေ။ ငါဒီလိုလုပ်ဖို့ဘယ်တုန်းကမှမ‌တွေးခဲ့ဖူးဘူးဆိုပေမဲ့ပေါ့...ဘာဖြစ်လို့လဲဆိုတော့ ဒီမနက်က ကျောင်း website မှာနှစ်၀က်စာမေးပွဲအကြိုရလဒ်တွေတင်ပေးခဲ့ပြီး ငါစစ်ကြည့်လိုက်တဲ့အခါ ရက်စက်လွန်းတဲ့အမှန်တရားတစ်ခုကိုသိလိုက်ရတယ်လေ။ ငါ့အမှတ်ကတအားနည်းတာပဲ! အကုန်လုံးပေါင်းတောင် ပျမ်းမျှအောင်မှတ်ပဲရှိတယ်လေ။ တခြားဘာသာရပ်တွေထက်ကို သင်္ချာနဲ့သိပ္ပံမှာအဆိုးဆုံးပဲ။

စိတ်ဓာတ်တောင်ကျတယ်!!!

ဒါကြောင့်မလို့ ငါစာအုပ်ကောက်ယူပြီး သင်္ချာကိုစတင်လေ့ကျင့်လိုက်တော့သည်။ ဒါကတအားခက်တဲ့သင်ခန်းစာတွေဖြစ်တဲ့ limits နဲ့ functions အကြောင်းပဲ! ငါ့ဦးနှောက်ကချောင်ချင်နေပြီလို့။ ဖတ်လေပိုရှုပ်လေ ငါ့ကိုယ်ငါတုံးတယ်လို့ခံစားရလေပဲ!

" ဘာလို့ ဒီလောက်ထိခက်နေရတာလဲ " လို့ ငါကိုယ့်ကိုယ်ကိုတိုးတိုး‌လေးကျိန်ဆဲရင်းနဲ့ ဆယ်ကြိမ်မြောက်သောသက်ပြင်းကိုချလိုက်တော့သည်....ငါအခုထိဒီပုစ္ဆာကိုဖြေရှင်းလို့မရသေးဘူးလေ။ ဒီနှုန်းထားအရဆိုရင် ငါသေချာပေါက်ကျမှာပဲ....ပြီးတော့ ဒါသာတကယ်ဖြစ်လာခဲ့ရင် တခြားသူငယ်ချင်းတွေလို တက္ကသိုလ်သွားတက်ရမဲ့အစား ငါ့တစ်ဘ၀လုံးကိုပင်ပင်ပန်းပန်းအလုပ်လုပ်ရင်းနဲ့ဖြတ်သန်းနေရတော့မှာ!

The School President is My Boyfriend (Myanmar Translation)Where stories live. Discover now