(Uni) Chapter 50: Let Me Think About It

662 76 6
                                    



အလင်းထက်ပိုမြန်တာက သေချာပေါက်အချိန်ဖြစ်နိုင်တယ်.....ချက်ချင်းပဲ နှစ်၀က်ကိုရောက်ရှိလာပြီး အထက်တန်းကျောင်းသားဘ၀ကပြီးဆုံးဖို့နီးကပ်လာပြီပဲဖြစ်တယ်လေ.....လအနည်းငယ်အတွင်းမှာပဲ တက္ကသိုလ်ကျောင်းသားဘ၀ကိုစတင်ရတော့မှာ

ဒါပေမယ့်လည်း တစ်နည်းနည်းနဲ့ပဲဖြစ်ဖြစ်ငါ့ကိုအသက်ရှူခွင့်မပေးတော့ဘူးထင်ပါတယ်

" မင်းတို့စာမေးပွဲ‌ဖြေဖို့အတွက်စာရင်းပေးပြီးပြီလား " လို့ ငါတို့ရဲ့သူငယ်ချင်းလေး Po က မေးလာခဲ့တယ်လေ.....Yo ကတော့ ROV ကိုဆော့နေပြီး Pat ကသူကစားတာကိုကြည့်နေခဲ့တာကြောင့် ငါ Po ဘက်ခဏလှည့်ကြည့်ပြီးတာနဲ့ သူတို့နဲ့ပူးပေါင်းလိုက်တော့သည်

ငါကတော့အခုထိလည်းစာရင်းမပေးရသေးသလို စာမေးပွဲကိုလည်းမသိဘူး!

" GAT-PAT Wow! "
( The general aptitude test (GAT) and professional and academic aptitude test (PAT) are for Thai students intending to enroll in state universities. )

Damn! Pat တောင်မှဂိမ်းကစားတာကိုရပ်လိုက်ပြီး Po ပြောတာကိုအာရုံစိုက်လာတယ်လေ....ပြီးတာနဲ့ ငါတို့တွေ စာမေးပွဲမှတ်ပုံတင်ဖို့အတွက်အသေးစိတ်အချက်အလက်တွေသိရအောင် National Exam Institute ၀ဘ်ဆိုဒ်ကို၀င်ကြည့်လိုက်ကြတော့သည်....အခုချိန်မှာငါတို့ရှေ့ရေးကသာအဓိကပဲ!

" အိုး......စာမေးပွဲစနစ်သစ်ပုံစံက ရှုပ်လိုက်တာ! " ဆိုပြီး Yo ကခေါင်းကိုကုတ်တာ မျက်မှောင်ကြုတ်လိုက်တော့သည်.....ဒါကဘာမှကွာခြားမှုမရှိဘူးလေ! တက္ကသိုလ်အတွက်ရွေးချယ်မှုစနစ်ကရှုပ်ထွေးဆဲပဲ

" ငါ့အထင် ကွန်ပျူတာခန်းကိုသွားကြတာကောင်းမယ် " ဆိုပြီး Win က ပြောလာတာကြောင့် ငါတို့အကုန်သဘောတူလိုက်ကြတော့သည်.....ဒီလိုမျိုးအရေးကြီးကိစ္စအတွက်က အလားအလာကောင်းတဲ့အီလက်ထရွန်းနစ်ပစ္စည်းတွေကိုမှီခိုဖို့လိုတယ်လေ......မင်းအကောင့်ထဲကို၀င်လိုက်တာနဲ့ အင်တာနက်‌ပြတ်တောက်သွားမှာကိုပူစရာမလိုတော့ဘူး.....လက်ဖဝါးအရွယ်စခရင်ရှိတဲ့စက်ပစ္စည်းနဲ့ဆိုရင် အချိန်မရွေးအခြားသောပြသာနာတွေပေါ်ပေါက်လာနိုင်တယ်လေ

ငါတို့ကွန်ပျူတာခန်းကိုလျှောက်သွားနေတုန်းမှာပဲ တက္ကသိုလ်တက်ဖို့နဲ့ပတ်သက်ပြီးစကားပြောဖြစ်ကြတယ်လေ.....Po က တက္ကသိုလ်မှာဆေးပညာဌာနကိုလျှောက်ထားတာဖြစ်ပြီး ရလဒ်ကနောက်လကုန်မှာကြေငြာပေးမှာပဲဖြစ်သည်.....ဒီလိုမျိုးထက်မြက်တဲ့ငါ့သူငယ်ချင်းအတွက်တော့ ဒါကိုသေချာပေါက်ကျော်ဖြတ်နိုင်မှာပဲ!

The School President is My Boyfriend (Myanmar Translation)Where stories live. Discover now