တနင်္လာနေ့ရဲ့ ယာဉ်ကြောပိတ်ဆို့မှု! ဒါ့အပြင်ကောင်ကင်ကလည်းတိမ်ထူနေသေး! မိုးသာရွာလို့ကတော့သွားပြီဆိုတာ ငါအာမခံရဲတယ်....ဒါကြောင့်မလို့ ငါကျောင်းနောက်ကျမှာစိုးပြီး မနက်စောစောကတည်းကအိမ်ကနေထွက်လာခဲ့ရတယ်လေ.....နက်ပြာရောင်ထီးရဲ့အခုအခြေအနေကတော့ ခွေးကိုက်ခံထားရသလိုမျိုးဖြစ်နေတော့တာပေါ့.....ငါလော့ကာထဲကနေထုတ်ယူပြီးစမ်းသပ်ကာဖွင့်ကြည့်လိုက်တဲ့အခါ သုံးလို့တော့ရနေသေးတယ်လေ....ကြမ်းကြမ်းတမ်းတမ်းတော့မဖွင့်နဲ့ပေါ့
" သွားပြီနော် မား "
" Sandwich ရော ယူပြီးပြီလား? " လို့ မီးဖိုချောင်ထဲကအသံတစ်သံက ငါ့နားစည်ထဲကိုကျယ်လောင်စွာနဲ့ရောက်လာခဲ့တယ်လေ....
" ယူပြီးပြီ "
" အိုကေ ဂရုစိုက်သွားအုံး "
__________________ * ___________________
ငါလူရှုပ်နေတဲ့ကားမှတ်တိုင်မှာရပ်ပြီးတော့ကားစောင့်နေလိုက်တယ်လေ.....ပုံစံကြည့်ရတာ ငါ့လိုမျိုးမိုးမရွာခင်အိမ်ကနေအပြေးအလွှားထွက်လာကြတဲ့သူတွေချည်းပဲထင်ပါတယ်
Beep....Beep
ငါအပါအ၀င် ကားမှတ်တိုင်ကသူတွေအကုန်လုံးက ငါ့အရှေ့မှာရပ်လာပြီးဟွန်းတီးလာတဲ့မော်တော်ဆိုင်ကယ်ကိုကြည့်လိုက်ကြတော့သည်
ဘယ်သူကြီးလဲ? သူခိုးများလား?
အိုး....ငါပြန်ပြီးတိုက်ခိုက်ဖို့အဆင်သင့်ပြင်ထားတုန်းမှာပဲ သူကဆိုင်ကယ်ဦးထုပ်ကိုချွတ်လိုက်တော့....အခုမှပဲစိတ်သက်သာရာရသွားတော့တယ်!
" Ai Sound "
" ဟုတ်ကဲ့! ဆရာ Gun "
ဆိုင်ကယ်ပေါ်ကသူကငါ့ကိုလက်မြှောက်ပြရင်းနဲ့မျက်ခုံးကိုပင့်ပြလာခဲ့တယ်လေ....ငါသူ့မျက်ခုံးတွေကိုငါ့လက်ညိုးနဲ့ဆွဲဆန့်ချင်လိုက်တာ" မင်းဒီမှာဘာလုပ်နေတာလဲ " လို့ ငါအသံတိုးတိုးနဲ့မေးလိုက်တော့
" ဒီဘက်မှာကိစ္စလေးရှိလို့ "
" ဪ " ငါ့ခေါင်းငြိမ့်ပြလိုက်ချိန်မှာပဲ ဘတ်စ်ကားကချဉ်းကပ်လာတော့တယ်လေ....ဒရိုင်ဘာကကားကို ငါနဲ့အနည်းငယ်လှမ်းတဲ့ညာဘက်အစွန်ဆုံးလမ်းကြောင်းမှာရပ်လိုက်တော့သည်။
YOU ARE READING
The School President is My Boyfriend (Myanmar Translation)
RomanceGMM ကနေလက်ရှိထွက်ရှိထားတဲ့ My School President Series ရဲ့ Novel Myanmar Translation ဖြစ်ပါတယ်။ Just a fan translation! All credit goes to the original author of this novel.