Zawgyi Codeသတိပေးချက် : မသင့်တော်တဲ့စကားအသုံးအနှုန်းများ၊ လိင်ဆက်ဆံမှုအပိုင်းများပါဝင်တာကြောင့် အသက် 18နှစ် မပြည့်သေးသူများဖတ်ရှုဖို့မသင့်တော်ပါ 🔞
_____________________________________
" စိတ်လှုပ်ရှားစရာကောင်းတဲ့ ဆုန်ခရမ်ပွဲတော်ကို Non Silom နဲ့ Khao San မှာပါဝင်ဆင်နွှဲကြဖို့ဖိတ်ခေါ်လိုက်ပါတယ်.....အစိုးရတာဝန်ရှိသူတွေဟာဆိုရင်လည်း ယာဉ်ကြောပိတ်ဆို့မှုတွေကိုတားမြစ်ဖို့အမိန့်ထုတ်ပြန်ထားပြီပဲဖြစ်ပါတယ် "
တီဗွီချန်နယ်တစ်ခုကနေပြီးတော့ နာမည်ကြီးနေရာနှစ်ခုရဲ့ဆုန်ခရမ်ပွဲတော်အငွေ့အသက်တွေကိုထုတ်လွှင့်ပြသနေပြီး လူအများအပြားကလာရောက်ပျော်ပါးနေကြတာကိုမြင်နေရတယ်လေ......ငါကတော့ ရာသီဥတုပူလို့၊ လူတွေကြပ်လို့၊ ယာဉ်ကြောပိတ်ဆို့လို့၊ ခါးပိုက်နှိုက်တွေအများကြီးရှိလို့ဆိုပြီး အကြောင်းပြချက်မျိုးစုံပေးနေတဲ့ ငါ့ဘေးနားကသူကိုလျစ်လျူရှုပြီးဗလုံးဗထွေးပြောနေလိုက်တော့သည်အိုး.....ငါအခုတအားစိတ်ဆိုးနေပြီ!
" သွားချင်လို့လား? " ဆိုပြီးတော့ မြင့်မားတဲ့အသွင်အပြင်နဲ့သူကဆိုဖာကိုပတ်ကာလျှောက်ရင်းပြောလာခဲ့တော့သည်.....သူငါ့ကိုအချိန်အတော်ကြာစိုက်ကြည့်နေပြီးတော့ ငါ့ရဲ့အာရုံစိုက်မှုကိုလည်းလိုချင်နေတယ်ဆိုတာကိုငါသတိထားမိသွားပြီလေ
" အင်း ဒါပေမယ့် တအားကြီးစိတ်အားထက်သန်နေတာတော့မဟုတ်ပါဘူး " ဆိုပြီး သူ့ကိုမကြည့်ပဲအသံတိုးတိုးလေးနဲ့ပြန်ပြောလိုက်တော့သည်
" သေချာလား? "
" သေချာတယ် "
" ဒါပေမယ့် ငါကမင်းကိုအဲ့ကိုခေါ်သွားပေးချင်တာ.....နှမြောဖို့ကောင်းလိုက်တာ " ဆိုပြီးသူကပြောကာ ငါ့ဘေးဝင်ထိုင်လာခဲ့တယ်လေ.....ငါသူ့အနားမကပ်ချင်တာကြောင့် ဟိုဘက်ကိုနည်းနည်းရွှေ့လိုက်တော့သည်
YOU ARE READING
The School President is My Boyfriend (Myanmar Translation)
RomanceGMM ကနေလက်ရှိထွက်ရှိထားတဲ့ My School President Series ရဲ့ Novel Myanmar Translation ဖြစ်ပါတယ်။ Just a fan translation! All credit goes to the original author of this novel.