(Zawgyi) Chapter 54: Son-in-law

177 11 0
                                    



အမေကငါ့ကိုမပြောပြဘူးဆိုတော့ ငါလူချောကောင်ကိုဘာတွေဖြစ်ကုန်တာလဲဆိုပြီးဖုန်းဆက်မေးရတော့တယ်လေ.....ဒါပေမယ့်လည်း သူ့ကြည့်ရတာစိတ်ရှုပ်သွားတဲ့ပုံပါပဲ ဘာလို့ဆို ငါကအလင်းရဲ့အလျင်နှုန်းနဲ့သူ့ကိုရှင်းပြဖို့တောင်အခွင့်အရေးမပေးပဲပြောသွားတာမလို့ပေါ့....ငါသူ့ကိုဖုန်းဆက်ပြောပြီးတာနဲ့ ချက်ချင်းဖုန်းချလိုက်တော့တယ်လေ။

ငါအိပ်ယာပေါ်မှာလှဲနေမိတာ တစ်နာရီနီးပါးလောက်ရှိပြီဆိုပေမယ့်လည်း ငါ့မျက်လုံးတွေကအိပ်ငိုက်တဲ့အရိပ်အယောင်မပြလာခဲ့ဘူးလေ.....ငါစဉ်းစားနေတယ်ဆိုတာကို ၀န်ခံပါတယ် ငါ့ကိုအရေးကြီးတာဘာမှမပြောပြတဲ့အတွက် တကယ်စိတ်ဆိုးနေတယ်ဆိုတာကို.....ဒီလိုမျိုးကိစ္စသေးသေးလေးကိုတောင်မပြောပြတာ အနာဂတ်ကျနောက်ကွယ်မှာတစ်ခုခုကိုဖုံးကွယ်ဖို့တွေးနေတာမလား.....ဥပမာ ငါ့ကိုလိမ်လည်လှည့်ဖျားတာမျိုး!

ငါအဝေးကြီးအထိကိုတွေးမိနေပြီလေ!

5 Missed Calls!

ခေါင်းအုံးဘေးနားမှာရှိနေတဲ့ဖုန်းကိုငါတစ်ချက်လှမ်းကြည့်လိုက်တော့.....တစ်စုံတစ်ယောက်ကဖုန်း‌ခေါ်ဆိုနေတာကြောင့်မီးလင်းနေတာကိုတွေ့လိုက်ရတော့တယ်လေ။ ငါဖုန်းကိုင်ဖို့အဆင်သင့်မဖြစ်သေးဘူး....ငါသူနဲ့စကားမပြောချင်ဘူးလို့။ ငါစိတ်မထိန်းနိုင်လောက်တဲ့အထိ ဒေါသထွက်သွားမှာကိုကြောက်လို့ဆိုပေမယ့်လည်း သူကလက်လျှော့မဲ့ပုံမပေါ်ဘူးလေ.....ငါဖုန်းမကိုင်တာကြောင့် သူကချက်ချင်းပဲ LINE ကနေစာပို့လာတော့တာပဲ!

Sn
< ဘာဖြစ်နေတာလဲ? ဖုန်းကိုင်ပါအုံး >

မင်းကိုစိတ်ဆိုးနေပါတယ်ဆိုမှ ဘယ်သူကဖုန်းကိုင်မှာလဲ damn it!

< ဘာလို့လဲ? >

ငါမသိလို့မဖြေတော့ဘူးလေ....ငါဘာလို့ဒီ‌လောက်တောင်စိတ်တိုနေရတာလဲ?

< ငါမင်းဆီကိုလာခဲ့မယ် >

ဟေး ရူးနေတာလား! ငါချက်ချင်းပဲခုန်ထပြီး ဖုန်းစခရင်ကိုစိုက်ကြည့်ကာတုန်လှုပ်သွားတော့တယ်လေ....သူအတည်ပြောနေတာလား နောက်တာလား?

The School President is My Boyfriend (Myanmar Translation)Donde viven las historias. Descúbrelo ahora