(Uni) Chapter 33: How Could You Not Know?

685 83 2
                                    



အခုချိန်သာငါ့ကိုတစ်ယောက်ယောက်တွေ့လို့ကတော့ ငါစိတ်ရောဂါဖြစ်နေပြီလို့ထင်သွားလောက်တယ်.....ဘာလို့ဆိုတစ်ယောက်တည်းရူးသွပ်စွာပြုံးနေတာမလို့လေ။ အိပ်ရာကနိုးနိုးချင်းမှာပဲ ငါ့ခေါင်းအောက်မှာခေါင်းအုံးရှ်ိနေပြီး ကိုယ်ပေါ်မှာလည်းတစ်ယောက်ယောက်ကခြုံပေးသွားတဲ့စောင်ရှိနေတာ....ဘယ်လိုလုပ်မပြုံးပဲနေနိုင်မှာလဲ!
စောင်ကိုငါ့လက်နဲ့တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီးတာနဲ့ဘယ်ညာလှည့်ကြည့်ကာ ခေါင်းအုံးပေါ်မျက်နှာအပ်ပြီး အနံ့သင်းသင်းလေးကိုမွှေးကြည့်လိုက်တော့တယ်လေ

ဟေး! ငါတကယ်ကိုရူးနေပြီပဲ! ငါ့ဦးနှောက်ကစိတ်ကူးယဉ်မှုတွေထပ်မဖြစ်လာခင်မှာပဲ ဆိုဖာပေါ်ကနေအမြန်ထကာ စောင်ကိုခေါက်ပြီး ခေါင်းအုံးပေါ်သပ်သပ်ရပ်ရပ်တင်ထားလိုက်တော့သည်။

ပြီးတာနဲ့လူနာအခြေအနေဘယ်လိုရှိလဲသိရအောင် အခန်းထဲကိုလျှောက်သွားလိုက်တော့တယ်လေ...

__________________ * ___________________
                   

လူချောကောင်ကခန္ဓာကိုယ်တစ်၀က်ကိုစောင်ခြုံထားပြီးအိပ်ပျော်နေတယ်လေ....သူ့မျက်နှာကအရင်လိုတော့ဖြူဖျော့မနေတော့ဘူး.....ရောဂါလက္ခဏာတွေသက်သာလာပြီထင်ပါတယ်...ဒါကြောင့်မလို့ သူ့နဖူးပေါ်လက်တင်ပြီးစမ်းသပ်ကြည့်လိုက်တော့

အင်း....အဖျားတော့ကျသွားပြီဆိုပေမယ့် ကိုယ်ငွေ့တော့နည်းနည်းရှိနေသေးတယ်လေ။ ဆေးသောက်၊ ကိုယ်လက်သန့်စင်ပြီး တစ်ရက်နှစ်ရက်လောက်အိပ်စက်အနားယူလိုက်ရင် ပုံမှန်ပြန်ဖြစ်လောက်ပါတယ်။

ငါကဆရာ၀န်တစ်ယောက်လိုပဲမလား?

ငါနာရီကိုကြည့်လိုက်တော့ ငါးနာရီတောင်ထိုးနေပြီလေ

မင်းဘာလို့အိပ်ပျော်သွားရတာလဲ Kantaphol?

လူချောကောင်ရဲ့ညစာကတော့အစာပျော့ပျော့လေးပဲဖြစ်သည်....ဘာလို့ဆိုလူနာရဲ့အစာအိမ်နေလို့မကောင်းမှာစိုးလို့ပဲဖြစ်တယ်လေ.....အကယ်၍ Thew ၀ယ်လာသလိုမျိုး အစပ်တွေသာစားမိရင် လူနာတော့သေချာပေါက်ကိုမာ၀င်သွားမှာပဲ.....ပူပူနွေးနွေးကြက်သားဆန်ပြုတ်ကလူနာအတွက်ငါပြင်ဆင်ပေးမယ့်ညစာပဲဖြစ်တယ်လေ...အသီးအနှံတစ်ချို့နဲ့အတူ လက်ဖက်ရည်ပူပူလေးတစ်ခွက်လောက်ပါထည့်လိုက်ရင်ကောင်းမယ်ထင်တယ်.....ဒါကြောင့်မလို့ ရေခဲသေတ္တာထဲကနေမာလကာသီးတစ်လုံးကိုယူပြီး စားလို့ရတဲ့အရွယ်သေးသေးလေးတွေလှီးကာ ပန်းကန်ပေါ်စီတင်လိုက်တော့သည်....အရသာကောင်းလားဆိုတာလည်းမြည်းကြည့်ရသေးတယ်လေ....ဒါမှများများယူဖို့ပြင်ဆင်ရမှာ....စားဖို့အတွက်အဆင်သင့်မပြင်ဆင်သေးခင်မှာပဲ သူ့ကိုအရင်စောင့်နေလိုက်တော့တယ်လေ

The School President is My Boyfriend (Myanmar Translation)Where stories live. Discover now