စာအုပ်တစ်ထပ်နဲ့အတူမေးခွန်းစာရွက်တွေကို စားပွဲရဲ့အလည်မှာချထားပြီးတော့ ပင်ပန်းနွမ်းနယ်နေတဲ့မျက်လုံးခြောက်စုံက သူ့ကိုပဟေဠိဆန်တဲ့အမူအရာနဲ့ပဲ ကြည့်နေမိတော့တယ်လေ.....ဒါက ငါတို့ဖတ်ရမယ့်စာရဲ့တစ်ဝက်တောင်မရှိသေးဘူးဆိုပြီးတော့ Po က ငါနဲ့တစ်ဖွဲ့လုံးကိုပြောလာခဲ့တယ်လေ.....Phra Sumen ပြောသလိုမျိုး " ငါ့ဦးနှောက်ကဒီထက်ပိုပြီးမခံနိုင်တော့ဘူး! " ဆိုပြီး အကျယ်ကြီးသာအော်လိုက်ချင်တယ်......ဒီစာတွေကိုအများကြီးလေ့လာရမယ့်အစား ငါနုတ်ထွက်ပြီးတော့ အထမ်းသမား ဒါမှမဟုတ် ငါးဖမ်းသမားအဖြစ်သာလုပ်လိုက်ချင်တော့တယ်
" ငါ့မျက်လုံးတွေကအခုဆိုစာလုံးတွေနဲ့ပြည့်နေပြီ " ဆိုပြီးတော့ Win က သူ့မျက်လုံးတွေကိုအကြိမ်ကြိမ်အခါခါပွတ်ပြီးပြောလာတော့တယ်လေ.....ထပ်ခါထပ်ခါပွတ်တာတောင်မှ ရောဂါလက္ခဏာတွေကဒီအတိုင်းပဲဆိုရင် မင်းမျက်လုံးတွေကိုပြန်ကြည်လင်လာအောင် Vita Berry ကို အမြန်ဆုံးသွားဝယ်ဖို့လိုအပ်နေပြီနော်
" ငါ့ဦးနှောက်ကတော့ Error code 304 " ဆိုပြီးတော့ အသက်ကိုပြင်းပြင်းရှူပြီး မျက်နှာကိုအောက်ချကာ အောက်ဆီဂျင်လိုအပ်နေတဲ့ငါးတစ်ကောင်လိုမျိုး ပါးစပ်ကိုပွစိပွစိလုပ်နေလိုက်တော့တယ်လေ
" ငါ့ရဲ့ 4G WiFi က တစ်နာရီအတွင်းပြတ်တောက်တော့မယ်ဆိုပြီး သတိပေးနေပြီ " ဆိုပြီး Yo က ငါ့ကျောပေါ်ကိုမှီလာကာ တခြားသူငယ်ချင်းတွေခေါင်းယမ်းလာတဲ့အထိ ညည်းညူလာခဲ့တော့သည်
" အာရုံစိုက်ကြ "
ဟမ်...အသံကကြမ်းလိုက်တာ! နူးနူးညံ့ညံ့လေးပြောပေးလို့မရဘူးလား?" ငါဆုံးဖြတ်ပြီးပြီ! " ဆိုပြီးတော့ ငါ့ဘေးမှာထိုင်နေတဲ့ Win က ပြောလာတဲ့အခါမှာတော့
" ငါတို့လုပ်ရမယ့်စာတွေအများကြီးကျန်သေးတယ်နော် " ဆိုပြီး Po က တင်းမာစွာနဲ့ပြောလာတော့တယ်လေ
" အဲ့တာထက် ငါတို့မကြာခင်ဗုဒ္ဓဘုန်းကြီးဖြစ်သွားနိုင်တယ်နော် " ဆိုပြီးတော့ Yo က တင်စားပြီးပြောလာခဲ့တယ်လေ
ဒါပေမယ့်လည်း ငါတို့တွေဘယ်လောက်ပဲညည်းတွားကြပါစေ အဆုံးမှာတော့လူတိုင်းကကြိုးစားအားထုတ်ကြရတာပဲလေ.....ငါတို့ကတောက်ပတဲ့အနာဂတ်ကိုလောင်းကြေးထပ်ထားရတာ!
ESTÁS LEYENDO
The School President is My Boyfriend (Myanmar Translation)
RomanceGMM ကနေလက်ရှိထွက်ရှိထားတဲ့ My School President Series ရဲ့ Novel Myanmar Translation ဖြစ်ပါတယ်။ Just a fan translation! All credit goes to the original author of this novel.