(Zawgyi) Chapter 44: Belly Fat

164 9 0
                                    


ဟား ဟား ဟား ဟား ဟား! ငါအဆင်သင့်ပဲ!

ဘွန်း!!!

သေနတ်သံစတင်ထွက်ပေါ်လာပြီဆိုတာနဲ့ ထောင်ပေါင်းများစွာသောတန်းစီနေတဲ့သူတွေက စမှတ်ကနေစတင်ပြေးလာပြီပဲဖြစ်တော့တယ်လေ

ငါ့ရဲ့ပထမဆုံးသော တစ်ဆယ်ကီလိုမီတာအသေးစားမာရသွန်ပြိုင်ပွဲစတင်ပြီပေါ့! ငါ့ရဲ့ရည်မှန်းချက်ကတခြားသူတွေနဲ့ပြိုင်ပြီးဆုတံဆိပ်ရယူဖို့မဟုတ်ဘူးလေ....ငါ့ရဲ့တစ်ခုတည်းသောပန်းတိုင်းကငါ့ဗိုက်ကအဆီတွေကိုဖြိုချဖို့ပဲ....အကယ်၍မအောင်မြင်လို့ရှိရင် ငါစာသင်နှစ်တစ်လျှောက်လုံးအလှောင်ခံရနိုင်တယ်

ပထမဆုံးအနေနဲ့ ငါ့ရဲ့ခန္ဓာကိုယ်ကိုသွေးပူအောင်လုပ်ပြီး အရှိန်မြှင့်ပြေးဖို့နည်းလမ်းကိုအသုံးပြုခဲ့တယ်လေ....ပထမကီလိုမီတာအတွက်ကတော့ ငါနဲ့မျိုးဆက်တူတဲ့အုပ်စုတွေနဲ့အတူဖြေးဖြေးမှန်မှန်ပြေးနိုင်သေးတယ်ဆိုပေမယ့် ဒုတိယကီလိုမီတာကိုရောက်တာနဲ့ ငါ့အနားကအုပ်စုကပြောင်းလဲသွားတော့တယ်လေ.....GenZ, GenX နဲ့ Gen Baby Boomer တို့ကငါ့ကိုကျော်တက်သွားတော့တာပေါ့.....သူတို့တွေကမောပန်းတာမျိုး ဒါမှမဟုတ် ပင်ပန်းနွမ်းနယ်နေတဲ့အရိပ်အယောင်လေးတောင်မပြကြဘူးလေ.....ငါ့မှာတော့ငယ်ရွယ်တယ်ဆိုပေမယ့်လည်း ကြောင်ဆီကနေပတ်ပြေးနေတဲ့ ခွေးတစ်ကောင်လိုမျိုး‌မောပန်းနေရတယ်

ပင်ပန်းလိုက်တာ! ငါတဖြည်းဖြည်းအရှိန်‌နှေးလာပြီလေ.....အခုဆိုရင်ငါ့ဒူးနဲ့ခြေဖမိုးတွေကနာကျင်နေသလိုပဲ.....ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ ငါအရှိန်ပြန်တင်လိုက်ရတော့တယ်လေ.....သေချာတာပေါ့! ငါ့အရှိန်ကတခြားသူတွေနဲ့မယှဉ်ပြိုင်နိုင်ဘူးဆိုတာ....ငါအဖွဲ့တစ်ခုစီတိုင်းကပြေးနေတဲ့သူတွေကိုမြင်နေရတာ‌ကြောင့်ကြည့်လိုက်တော့ ငါကအခုနောက်ဆုံးအဖွဲ့မှာပဲဖြစ်တယ်လေ

" ကျန်းမာဖို့အတွက်ပဲပြေးရအောင်! " လို့ သူငယ်တန်းကလေးကငါ့ကိုကျော်ဖြတ်သွားတာကိုမြင်လိုက်ရတဲ့အခါမှာ ကိုယ့်ကိုယ်ကိုပြောလိုက်မိတော့တယ်လေ

Hmm...ဒီအချက်မှာတော့ငါတကယ်ကိုဆွံ့အသွားတာ!

" ဟိုင်း! "

The School President is My Boyfriend (Myanmar Translation)Hikayelerin yaşadığı yer. Şimdi keşfedin