Hi!!
ယောက်ကျေားလးတွေအုပ်စုလိုက်ကြီးပြုံးရွှင်ပြီးတော့မြစ်ထဲကိုခုန်ဆင်းသွားကြတဲ့မြင်ကွင်းက ငါမူလတန်းတုန်းကတခြားစီရင်စုမှာရှိနေတဲ့အဖွားအိမ်ကိုသွားခဲ့ရတာကိုသတိရစေခဲ့တယ်လေ.....အိမ်ကပန်းခြံရဲ့အလည်မှာရှိနေတာဖြစ်ပြီး အိမ်အနောက်ဘက်မှာကလည်းစီးဆင်းနေတဲ့မြစ်အသေးလေးတစ်ခုကရှိသေးတာ.....အဲ့ဒီတုန်းကဆို ငါနဲ့ငါ့ဝမ်းကွဲတွေမနက်ကနေညအထိဆော့ကစားကြတာပင်ပန်းသွားတယ်ဆိုတာတောင်မရှိဘူးလေ
" ဒီမှာဘာထိုင်လုပ်နေတာလဲ "
အခုဆိုရင် မတ်တပ်ရပ်နေတဲ့အသံပိုင်ရှင်ကိုငါတကယ်ငြီးငွေ့နေပြီ.....ငါသူ့အနားကနေထွက်ပြေးပြီးအဝေးမှာသွားထိုင်လည်း သူကငါ့နောက်ကိုမနားတမ်းလိုက်လာပြီးနှောင့်ယှက်နေတုန်းပဲလေ" ဘာမှမလုပ်ဘူး "
ငါပြန်ဖြေရမှာကိုတောင်ပျင်းလို့ ခပ်တိုတိုအဖြေတစ်ခုပဲပေးလိုက်ကာ အရေးမစိုက်တော့ပဲ ခြေထောက်ကိုရေထဲမှာစိမ်နေလိုက်တော့တယ်လေ....ဘာအတွက်လုပ်နေမှန်းမသိပေမယ့်လည်း ပျော်ဖို့တော့ကောင်းသား" အုန်းရေ "
အဖြူရောင်ပိုက်တပ်ထားတဲ့အုန်းသီးကငါ့အရှေ့ကိုပေါ်လာပြီး ရှူခင်းကိုကြည့်ရှူနေတဲ့ငါ့ရဲ့အာရုံကိုပြောင်းသွားစေခဲ့တယ်လေ......အမှန်ဆို ငါရေဆာလွန်းလို့ တံတွေးကိုတောင်မျိုချနေရတဲ့အထိဆိုပေမယ့်လည်း ငါ့ရဲ့ဂုဏ်သိက္ခာကိုတော့ထိန်းသိမ်းထားရအုံးမယ်လေ
" မသောက်တော့ဘူး "
" မင်းမျက်နှာကိုသစ်ဖို့ယူသွားလိုက် "
" Ai'Tin! " လို့ ငါဒေါသတကြီးနဲ့လှည့်အော်လိုက်ပြီးတော့ လက်ကိုမြှောက်ကာသူ့ခေါင်းကိုရိုက်ဖို့လုပ်လိုက်ပေမယ့်.....သူကအမြန်လွတ်မြောက်အောင်လုပ်သွားတော့တယ်လေ မဟုတ်ရင် ငါလုပ်ကြံတာခံရနိုင်တယ်
မင်းကတအားဆိုးတာပဲ!
" ရေထဲဆင်းပြီးကစားပါလား "
ငါအရှေ့မှာကလေးလေးတစ်ယောက်ပေါ်လာတာကြောင့် ငါကိုယ့်ကိုယ်ကိုလက်ညိုးထိုးပြီးပြန်မေးလိုက်တော့......ကောင်လေးကခေါင်းငြိမ့်ပြလာပြီး တခြားကလေးတွေကိုအော်ခေါ်တော့တယ်လေ
YOU ARE READING
The School President is My Boyfriend (Myanmar Translation)
RomanceGMM ကနေလက်ရှိထွက်ရှိထားတဲ့ My School President Series ရဲ့ Novel Myanmar Translation ဖြစ်ပါတယ်။ Just a fan translation! All credit goes to the original author of this novel.