လူချောကောင်ရဲ့ကွန်ဒိုကိုရောက်ရောက်ချင်းမှာပဲ အခန်းပိုင်ရှင်ကရေချိုးအုံးမယ်ဆိုပြီးရေချိုးခန်းထဲဝင်သွားခဲ့တယ်လေ။ ကျွန်တော်ကတော့ဆိုဖာပေါ်မှာပဲ သင်္ချာပုစ္ဆာတွေကိုဖြေရှင်းဖို့ကျန်ခဲ့တော့တာပေါ့...ကျူတာကတော့ သူရေချိုးခန်းထဲကထွက်လာတဲ့အချိန်ထိဒီပုစ္ဆာတွေကိုတွက်လို့မပြီးသေးရင် တစ်ညလုံးစာလုပ်ရမယ်လို့ခြိမ်းခြောက်သွားခဲ့သေးတယ်လေ။
ဘ၀ကြီးကဒီလိုပဲခက်ခဲနေတော့မှာလား! ဖြေပေးပါအုံး ဘုရားသခင်!
ငါထိုင်ပြီး ပုစ္ဆာတော်တော်များများကိုဖြေရှင်းပြီးချိန်မှာတော့ သူရေချိုးခန်းထဲကထွက်လာပြီဆိုတာကိုငါအမြန်သတိပြုမိလိုက်တယ်လေ....သူကငါ့အနောက်မှာပဲ။ သူကငါသင်္ချာတွက်နေတာကိုကြည့်ဖို့ရန်အတွက် အရှေ့ဘက်ကိုမှီလာတာကိုငါခံစားရနေတယ်လေ။
" မင်းဆံပင်ကရေတွေကငါ့ခေါင်းပေါ်ကိုကျနေပြီဆိုတာကိုရော သိရဲ့လား " လို့ ငါ့ကိုစိုက်ကြည့်နေတဲ့လူချောကောင်ကိုပြောလိုက်တော့တယ်လေ။ အဲ့အချိန်မှာပဲငါ့မျက်နှာပေါ်ကိုရေစက်တစ်ချို့ကထပ်ကျလာတော့သည်။ သူဆော့နေပြန်ပြီ!
" ငါသိတယ် "
ဟူးးးမင်းကသိတယ်ဆိုပေမယ့် ဆက်လုပ်နေတုန်းပဲလေ....
" မင်းငါ့ကိုစနေတာလား! " လို့ ငါသူ့ကိုဆူလိုက်ပေမယ့် သူ့နှုတ်ခမ်းကပြုံးနေတယ်လေ....ငါသူ့ခေါင်းကိုရိုက်ချင်လိုက်တာ
" ငါ့ကိုဆံပင်သုတ်ပေးပါလား " လို့ ရက်စက်လွန်းတဲ့အိမ်ရှင်က ငါ့ပုခုံးပေါ်ကိုတဘက်ပစ်တင်ပြီး အမိန့်ပေးလာခဲ့တော့
" မင်းမှာ dryer မရှိဘူးလား "
" ပျက်နေတယ် "
ငါစိတ်အနှောက်အယှက်ဖြစ်စွာနဲ့ပဲသက်ပြင်းချလိုက်တော့သည်။ သင်္ချာနဲ့ assignment အပြင် ငါ့ကိုအနှောက်အယှက်ပေးလို့ မလုံလောက်သေးဘူးလား။ ဒီလိုမျိုးတွေလိုက်နှောက်ယှက်နေတာ တကယ်လို့ ငါ့ဦးနှောက်ခဲသွားပြီး အလုပ်မလုပ်တော့ရင် ဘယ်သူကတာဝန်ယူမှာလဲ။
ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ Bae တစ်ယောက်ရဲ့တာဝန်ကရှိနေတုန်းပဲလေ...ပြီးတော့သူကလည်း ငါ့ကျူတာဖြစ်နေသေး
YOU ARE READING
The School President is My Boyfriend (Myanmar Translation)
RomanceGMM ကနေလက်ရှိထွက်ရှိထားတဲ့ My School President Series ရဲ့ Novel Myanmar Translation ဖြစ်ပါတယ်။ Just a fan translation! All credit goes to the original author of this novel.