Zawgyi Code
(* Note : အခုကစပြီးတော့ နောက်ကြောင်းပြန်တာတွေဖြစ်သွားပါပြီနော် ခေါင်းရှုပ်ကုန်ကြမှာစိုးလို့ပါ ...)
ကျောင်းသားကောင်စီဥက္ကဋ္ဌအသစ်တင်မြှောက်ရေးအတွက် မဲဆွယ်စည်ရုံးခြင်းနောက်ဆုံးနေ့မှာတော့ ကိုယ်စားလှယ်တွေအသီးသီးက သူတို့ရွေးကောက်ခြင်းခံရတာနဲ့လုပ်ဆောင်သွားမယ့် သူတို့ရဲ့မူဝါဒတွေ နည်းလမ်းတွေကိုတင်ပြရင်းနဲ့ပဲ ပတ်ဝန်းကျင်ကတက်ကြွနေတော့သည်။ အခုဆိုရင် မဲရုံမှာအပြိုင်အဆိုင်မဲပေးကြမယ့်သူတွေကတန်းစီနေကြပြီလေ.....ဒါပေမယ့် လူအရေအတွက်ကတော့မမျှပါဘူး ဘာလို့ဆို ဒီရာစုနှစ်ရဲ့အချောဆုံးခေါင်းဆောင်ဆီပဲသွားနေကြတာမလို့ပေါ့
" သူငယ်ချင်းများ၊ညီအကိုမောင်နှမများ နှင့် ဆရာဆရာမများအားလုံးမင်္ဂလာပါ...ကျောင်းသားကောင်စီဥက္ကဋ္ဌရွေးချယ်ပွဲနောက်ဆုံးအဆင့်တိုက်ရိုက်ထုတ်လွှင့်မှုကနေကြိုဆိုလိုက်ပါတယ်...အခုကတော့ ဂုဏ်သရေရှိပြီး ဆွဲဆောင်မှုရှိလှတဲ့ ကျောင်းသူလေး...သေချာတာပေါ့ Lily Lalita နဲ့ အတူရှိနေတာပဲဖြစ်ပါတယ်! " .... ဆိုပြီးတော့ ပြည်သူ့ဆက်ဆံရေးကလပ်က ပြောရေးဆိုခွင့်ရှိသူက ကျယ်လောင်စွာနဲ့ပြောလာခဲ့တာက နှစ်သက်ဖို့ကောင်းတာထက် ပိုပြီးစိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းနေတယ်လေ
အရင်လတုန်းကတော့ ကျောင်းသားကောင်စီဥက္ကဌအသစ်ရွေးချယ်ပွဲက ကျောင်းမှာလူကြည့်အများဆုံးပွဲတစ်ခုဖြစ်လာလိမ့်မယ်လို့မမျှော်လင့်ထားခဲ့ဘူးလေ.....ကျောင်းအုပ်အသစ်ပြောင်းတာထက်တောင်ပိုအုံးမယ်.....လူထုသဘောထားအရဆိုရင် အခုလက်ရှိရွေးကောက်ပွဲမှာ နံပတ်စဉ်(၁) ကိုယ်စားလှယ်လောင်းဖြစ်တဲ့ 'Big Growth' ပါတီကအင်းအားတောင့်နေဆဲဖြစ်တယ်လေ......နံပတ်စဉ်(၂) ကိုယ်စားလှယ်လောင်းဖြစ်တဲ့ 'No Rest' ပါတီကို ကျော်တက်ပြီးတော့ပေါ့.... 'No Rest' ပါတီဟာဆိုရင် Lily ကိုစကားအများကြီးမပြောဖို့တိုးတိုးလေးကပ်ပြောလိုက်တော့တယ်လေ မဟုတ်ရင် သူမလည်ချောင်းနာသွားနိုင်တယ်..... Lily ကတော့ ထိုင်ပြီးစဉ်းစားနေတော့တာပေါ့
တိုက်ရိုက်ထုတ်လွှင့်မှုကိုအနီးကပ်ရပ်ကြည့်ရင်းနဲ့ပဲ ငါ့မျက်နှာကပြုံးဖြဲဖြဲဖြစ်နေတော့တယ်လေ
YOU ARE READING
The School President is My Boyfriend (Myanmar Translation)
RomanceGMM ကနေလက်ရှိထွက်ရှိထားတဲ့ My School President Series ရဲ့ Novel Myanmar Translation ဖြစ်ပါတယ်။ Just a fan translation! All credit goes to the original author of this novel.