(Zawgyi) Chapter 53: This Is What Mother Wants

175 10 0
                                    


Tik Tok Tik Tok

ရွေ့လျားနေတဲ့နာရီလက်တံက ကျော်လွန်သွားတဲ့အချိန်တွေကိုညွှန်ပြနေတယ်လေ.....ငါ့မျက်လုံးတွေက အဲ့တာကိုပဲအချိန်တော်တော်ကြာအာရုံစိုက်နေခဲ့တာ အခုဆိုရင် တစ်နာရီနီးပါးလောက်တောင်ရှိနေပြီ..... ငါအိပ်ယာပေါ်မှာလှဲရင်းနဲ့ တစ်စုံတစ်ခုကိုတွေးနေခဲ့တာလေ.....အဓိကက လူချောကောင်နဲ့ပတ်သက်တဲ့တစ်စုံတစ်ခုကိုလုပ်ဖို့ဆုံးဖြတ်လိုက်တာပေါ့.....အဲ့တာကိုတွေးမိတာနဲ့ ငါစိတ်တွေတောင်လှုပ်ရှားလာပြီ.....ငါ အမေ့ကိုပြောဖို့ဆုံးဖြတ်လိုက်တာလေ!

လူချောကောင်နဲ့ငါ့ရဲ့ဆက်ဆံရေးက ပိုပြီးတိုးတက်လာမယ် ဒါမှမဟုတ် အနာဂတ်မှာပိုပြီးရှင်းရှင်းလင်းလင်းဖြစ်လာမယ်ဆိုရင်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


လူချောကောင်နဲ့ငါ့ရဲ့ဆက်ဆံရေးက ပိုပြီးတိုးတက်လာမယ် ဒါမှမဟုတ် အနာဂတ်မှာပိုပြီးရှင်းရှင်းလင်းလင်းဖြစ်လာမယ်ဆိုရင်.....ဒါကို လျှို့ဝှက်ချက်အနေနဲ့ထားတာက ဘ၀ရဲ့ပျော်ရွှင်မှုအစစ်အမှန်ကိုရဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ

ငါအိပ်ယာပေါ်ကနေထပြီး မှန်အရှေ့မှာရပ်ကာငါ့ရဲ့စိတ်လှုပ်ရှားနေတဲ့ပုံကိုကြည့်လိုက်မိတော့သည်...ရာနဲ့ချီတဲ့စကားလုံးတွေကို ငါ့ခေါင်းထဲမှာသိမ်းဆည်းထားကာ စကားလုံးတိုင်းကိုငါမှတ်မိပြီး အမှန်ပြင်ထားပြီးပြီဆိုပေမယ့်လည်း ငါ့နှလုံးသားကတော့အဲ့တာကိုပုံဖော်နိုင်ဖို့ လုံလောက်တဲ့သတ္တိကရှိမနေဘူးလေ

" တစ်နေ့ကျအမေကသိသွားမှာပဲ ဟုတ်တယ်မလား? "

__________________ *___________________
                   
လှေကားထစ်တွေကိုဖြတ်ကျော်ဖို့ဆိုတာက ပုံမှန်အားဖြင့်မိနစ်ဝက်လောက်တောင်မကြာတတ်ပေမယ့် အခုတော့ ငါအပေါ်ကနေအောက်ကိုရောက်ဖို့ငါးမိနစ်လောက်အချိန်ယူနေရတယ်လေ.....‌အရှေ့လျှောက်လိုက် အနောက်ပြန်ဆုတ်လိုက်နဲ့ မသိရင် မွေးကင်းစခွေးပေါက်လေးကအောက်ကို‌ပြေးဆင်းဖို့ကြောက်နေသလိုပဲ

The School President is My Boyfriend (Myanmar Translation)Where stories live. Discover now