(Zawgyi) Chapter 9: Mother is still Mother

307 9 0
                                    


ဒီလိုပိတ်ရက်တွေမှာဆိုရင် ငါကပုံမှန်ကလေးတွေလိုပဲ နောက်ကျမှအိပ်ပြီးတော့ နောက်ကျမှထလာမျိုး ဒါမှမဟုတ် ဆိုဖာပေါ်မှာအိပ်ပြီးတော့ကာတွန်းကြည့်တာမျိုးလုပ်လေ့ရှိတယ်လေ။ ဒါပေမဲ့ ဒီနေ့ကတော့ ကျွန်တော့်လိုမျိုးဓားစာခံကလေးတစ်ယောက်က အိမ်ပိုင်ရှင်ဆီမှာ စိတ်ကျေနပ်မှုမရမချင်းဝပ်တွားရမယ့်နေ့တစ်နေ့ပါ။

" Gun! ဈေးသွားမယ် "

ပထမဆုံးအနေနဲ့ဈေးသွားတာကနေ စရတာပေါ့...

" ဟုတ် "
ငါအမေ့ကိုပြန်ဖြေပြီးတာနဲ့အိပ်ရာကနေထ မျက်နှာသစ်ဆေးကြောပြီးတော့ သက်တောင့်သက်သာရှိတဲ့ ပေါ့ပေါ့ပါးပါးအဝတ်အစားကိုလဲလိုက်တော့သည်...ပြီးတာနဲ့ဖုန်းကို ကောက်ယူကာ မှန်ရှေ့မှာရပ်ပြီးဆံပင်ကိုဖြီးသပ်ရင်းပြုံးလိုက်တော့တယ်လေ...ဟမ်! ချောလိုက်တဲ့ငါ...

ပထမထပ်ကိုဆင်းသွားလိုက်တဲ့အခါမှာ အမေကသူ့တင်ပါးကိုလက်နှစ်ဖက်နဲ့ကိုင်ပြီးတော့စောင့်နေပြီလေ...သူ့အမူအရာက ငါဖြည်းဖြည်းချင်းဆင်းလာတာကိုမကျေနပ်ကြောင်းပြသနေပြီးတော့ ခြင်းတောင်းကိုမျက်စောင်းထိုးပြလာခဲ့တာကြောင့် အမြန်ခြင်းတောင်းကိုပြေးယူလိုက်ရတော့သည်။

" ဒီနေ့ ဘာဝယ်ချင်တာလဲ မား "
အမေကဘေးနားကစာရွက်ကိုညွှန်ပြလာတော့သည်။ ငါကောက်ယူပြီးပြီးချင်းပဲ မျက်လုံးကငန်းဥကြီးလိုပြူးသွားတော့တယ်လေ...စာရင်းကဘယ်လောက်တောင်လဲ ဒါကိုအကုန်ဝယ်မှာလား?

" မား စားသောက်ဆိုင်ဖွင့်မလို့လား? "လို့ ငါ့အမေ့ကိုစလိုက်တော့သည်။ ဒီနေ့ဝယ်မယ့်စာရင်းကိုပြန်ကြည့်လိုက်တော့
ငါတို့အိမ်ပြန်ဖို့အတွက် ထရပ်ကားနှစ်စီးလောက်ငှားရတော့မယ်ထင်ပါတယ်။

" မဟုတ်ပါဘူး "

ငါအခုမှပဲစိတ်နည်းနည်းသက်သာသွားတော့တယ်...

" ဒါပေမဲ့ မိဘမဲ့ဂေဟာဖွင့်မလို့ "

" ဟမ်? "

" မားက စတာပါ "

အမေကငါလန့်သွားတာကိုအားရပါးရရယ်နေတော့တာကြောင့် မျက်လုံးလှန်ကြည့်ရုံသာတတ်နိုင်တော့တယ်လေ...

The School President is My Boyfriend (Myanmar Translation)Donde viven las historias. Descúbrelo ahora