(Uni) Chapter 36: Sleep Well

655 80 10
                                    



အခုဆို ည၁၁ နာရီတောင်ရှိနေပြီလေ.....ဒါပေမယ့်ငါအခုထိအိပ်မရသေးပဲ ကုတင်ပေါ်မှာလူးလှိမ့်နေရတော့တာပါပဲ....ဘာဖြစ်လို့လဲဆို ငါ့နှလုံးသားကတအားခုန်နေတာမလို့လေ....အဲ့တာကအခုမှလေ့ကျင့်ခန်းလုပ်ပြီးပြန်လာတဲ့သူလိုမျိုးပဲ.....ဘာကြောင့်လဲဆိုတာကိုမသိပေမယ့် တကယ်ကိုစိတ်အနှောင့်အယှက်ဖြစ်လိုက်တာ!

ငါဘာဖြစ်နေတာလဲလို့! ငါတအားကိုစိတ်ဆိုးလွန်းလို့
ကိုယ့်ကိုယ်ကိုသာဆဲနေလိုက်တော့တယ်လေ!

[ LINE ]

ဒီဆူညံသံကငါ့ကိုအိပ်မရအောင်လုပ်နေပြန်ပြီလေ! အခုချိန်ငါ့စိတ်ထဲမှာတစ်ခုတည်းသောတွေးနေတဲ့အရာကတော့ ဖုန်းကိုလှည့်ယူပြီး ပြတင်းပေါက်ကနေပစ်ချဖို့ပဲလေ.....ဒါပေမယ့် လက်တွေ့မှာတော့ ငါလှည့်ပြီးဖုန်းကိုလှမ်းယူဖို့ပဲလုပ်နိုင်တယ်လေ....သောင်းဂဏန်းလောက်ရှိတဲ့ဖုန်းကိုပြန်၀ယ်ဖို့ဘယ်သူကလုပ်ရဲမှာလဲ?

< .............. >

ဘယ်သူကြီးလဲ? ငါမျက်လုံးတွေကိုပွတ်သပ်ပြီးတော့ စခရင်ကိုစိုက်ကြည့်လိုက်တော့တယ်လေ....သေချာတာပေါ့! ဘာသဲလွန်စမှမရှိဘူး! ငါဖွင့်ကြည့်ဖို့အတွက်နှိပ်လိုက်တော့ ထိုလျှို့ဝှက်ဆန်းကြယ်တဲ့သူကပေးပို့လာတဲ့အစက်လေးတွေပဲရှိတယ်လေ

< မင်းဘယ်သူလဲ? >
ငါသူ့ကိုမေးပြီးတာနဲ့ သူစာပြန်တာကိုစောင့်နေတုန်းမှာပဲ သူ့ပရိုဖိုင်ကို၀င်ကြည့်လိုက်တော့ အဖြူရောင်နောက်ခံပေါ်မှာ စာလုံးအမဲရောင်နဲ့ရေးထားတဲ့ "Sn" တစ်ခုပဲရှိနေတယ်လေ

ခေါင်းရှုပ်သွားပြီ!
သူ့နာမည်က Sunny လား Snow လား ဒါမှမဟုတ် Snackလား?

< :) >
တုန့်ပြန်မှုအနေနဲ့ဒီအီမိုဂျီတစ်ခုတည်းပြန်ရလိုက်တာလား?

ဟမ်?

< မင်းငါ့ကိုမပြောပြရင် ငါမင်းကိုဘလော့မှာ >

ငါကလူသားအစစ်ပါနော်! မင်းကဘာလဲ?

< သတင်း >

ဟမ်

< ဘာသတင်းလဲ? >
 
Sn ဘက်ကနေပုံပို့ပေးလာခဲ့တယ်လေ

The School President is My Boyfriend (Myanmar Translation)Donde viven las historias. Descúbrelo ahora