(Uni) Chapter 21: Closer

835 94 4
                                    




" အရသာရှိတယ်မလား "
ငါ့ဘေးကသူကို စိတ်ကျေနပ်စေလောက်တဲ့အဖြေရဖို့အတွက်မျှော်လင့်ပြီး မေးလိုက်ပေမယ့်လည်း....

" ဟင့်အင်း "
ဟေး! ဒီလူချောကောင်ကတော့ အခုထိကိုမိုက်ချင်ယောင်ဆောင်နေတုန်းပဲ

" မကောင်းဘူးလို့ပြောပေမယ့် ကုန်အောင်တော့စားတယ်နော် " လို့ ငါရွဲ့ပြောပြီးတာနဲ့ ငါ့ပန်းကန်နဲ့သူ့ပန်းကန်လုံးကိုယူလိုက်တော့ သူ့ကနှုတ်ခမ်းထောင့်ကိုတွ့န်ပြီးပြုံးလာခဲ့တယ်လေ.....အဲ့တာနဲ့ ငါလည်းထပြီးတော့ ပန်းကန်တွေကိုဆေးကြောကာ စင်ပေါ်တင်ပြီးတာနဲ့ပြန်ထိုင်လိုက်တော့သည်။

" စာလုပ်ရတာဘာပျော်စရာကောင်းလို့လဲ " လို့ စာဖတ်နေတဲ့သူကိုမေးလိုက်တော့....စားပွဲပေါ်က Course Syllabus စာအုပ်ကိုဖတ်နေတဲ့သူကငါ့ကိုစိုက်ကြည့်လာခဲ့တယ်လေ။ ငါသူ့ကိုသွယ်ဝိုက်ပြီးသာပြောလိုက်ချင်တော့တယ် မင်းမျက်လုံးတွေမနာဘူးလား?

[ LINE Voice ]

ငါဖုန်းကိုယူပြီးဘာများရှိလို့လဲလို့တွေးကာစစ်ကြည့်လိုက်တော့

Group "Five"

Yo < Guyyyyyyyssss >

ဘာဖြစ်ပြန်ပြီလဲ!

Pat < ဘာလဲ? >

Win < ဟမ် >

Po < ဘာဖြစ်တာလဲ? >

Me < Whaaaaat? >

Yo < သင်္ချာအမှတ်စာရင်းထွက်လာပြီ >

Crying stickers 😭😭😭😭

Win < Wow အရမ်းမြန်တာပဲ >

Po < Oh my goodness >

Pat < မပြောနဲ့ >

Me < ဟမ် >

Yo < (Link) ဒီမှာအမှတ်စစ်ကြည့်လိုက် >

ငါထိုင်ချပြီးတော့ တုန်လှုပ်စွာနဲ့ပဲ Yo ပို့ပေးလိုက်တဲ့ Link ကိုသာကြည့်နေမိတော့သည်။ အမှန်ဆို အရင်စာမေးပွဲတွေထက်ကိုဒီတစ်ခါကောင်းကောင်းလုပ်နိုင်ခဲ့တယ်ဆိုပေမယ့်လည်း အိုး ဘုရားသခင်! ငါဖွင့်ကြည့်ဖို့ကိုမရဲဘူး...ကြောက်တယ်လို့!

" ဟေး "

ငါလူချောကောင်ကိုသူ့ရဲ့အမှတ်အရင်ကြည့်ခိုင်းရင်းနဲ့ အကူအညီယူရမယ်...ဒါပေမယ့် သူကတော့ သူစာဖတ်နေတာကိုနှောင့်ယှက်သွားတဲ့ကျွန်တော့်ကိုစိတ်ရှုပ်နေတဲ့ပုံနဲ့မျက်မှောင်ကြုတ်ကြည့်နေတယ်လေ။

The School President is My Boyfriend (Myanmar Translation)Where stories live. Discover now