Chapter 1: '' မ္ရဵုရအဴ ''

13.6K 180 25
                                    

~I'm not a troublemaker. I'm just want to play fairly ~

"1998 ခုနှစ်"

' မ္ရဵုရအဴ '

သဘာဝတရားကလက်ယက်ခေါ်နေတဲ့ တောက်ပတဲ့မနက်ခင်းကိုဆောင်ကြည်းပေးနေတဲ့နေရောင်ခြည်က အရမ်းကိုပူပြင်းပေမယ့် မိုးဟာ ကျွန်တော်တို့ကိုပစ်သွားမှာမဟုတ်တာကိုယုံကြည်တာမို့ ခရမ်းရောင်နေဝင်ချိန်နဲ့ ရွှေဝါရောင်အရုဏ်ဦးရဲ့ ရိုးရှင်းတဲ့ ပျော်ရွှင်မှုတွေကိုမွေ့လျော်ကြသည်။

ကျွန်တော်တို့ရပ်တည်နေတဲ့ ဒီကျယ်ပြောတဲ့ကမ္ဘာမြေကြီးရဲ့ဧရိယာကျဥ်းတစ်ခုဖြစ်တဲ့မွန်ပြည်နယ် မုဒုံမြို့ ပိုင်ကမာရွာ ဆိုတာ မွန်လူမျိုးတွေရဲ့ အချက်အချာကျတဲ့နေရာထဲက တစ်နေရာ​ဖြစ်သည်။ ​တေးဆိုငှက်​တွေရဲ့တေးဆိုသံတွေနဲ့ငြိမ့်ညောင်းလှတဲ့ ဒီတောတောင်ဒေသလေးမှာဆိုရင် တောတောင်ရေမြေတွေနဲ့စိမ်းစိုလှပနေပြီး အရိုင်းဆန်တဲ့လေဆန်ကြားမှာပွင့်ဖူးနေတဲ့ပန်းလေးတွေနဲ့ သင်းရနံ့နဲ့မွှေးပျံ့နေသည်။ လိပ်ပြာလေးတွေလည်းအတောင်ပံဖြန့်ပြီး ဒီတောတောင်ဒေသမှာလွတ်လပ်စွာပျံသန်းနေသလိုမျိုး ဒီတောတောင်ဒေသမှာနေထိုင်နေတဲ့ ကျွန်တော်တို့မွန်လူမျိုးနွယ်စုဟာဆိုရင် တောင်ယာလုပ်ငန်းနဲ့ ရက်ကန်းလုပ်ငန်းကို များသောအားဖြင့်လုပ်ကိုင်စားသောက်ကြသည်။ လူတိုင်းလူတိုင်းဟာ မွေးဖွားရာမွေးရပ်ဒေသမှာ​ပျော်ရွှင်မွေ့လျော်ကြပြီး နေ့ရက်တိုင်းကိုကြိုးစားရုန်းကန်ကြသည်။

အဲ့ဒီအထဲမှာမှ ဒီရွာလေးမှာ ရက်ကန်းစင်ကိုဦးစီးလုပ်ကိုင်တဲ့မိသားစုလေးတစ်စုလည်းရှိသလို လယ်ယာလုပ်ငန်းကိုဦးစီးလုပ်ကိုင်နေတဲ့ မိသားစုတစ်စုလည်းရှိနေသည်။ အဲ့လိုနဲ့ မုဒုံမြို့ရဲ့ ပိုင်ကမာရွာလေးထဲက အိမ်ချင်းကပ်ရပ်မိသားစုနှစ်စုဟာ ပြာသိုလဆန်း ၆ရက်.... ဗုဒ္ဓဟူးနေ့ညနေဘက် နေဝင်ပြီးအချိန်မှာ ရှေ့ဆင့်နောက်ဆင့် သမီးလေးတစ်ယောက်နဲ့ သားလေးတစ်ယောက် ပြိုင်တူမွေးဖွားခဲ့ကြသည်။

''ဟေ့ရောင်ရာဇ... မင်းမိန်းမဘာလေးမွေးလဲ''

''ကောန်ဝုတ်'' (သမီးလေး)

သားယောကျ်ားလေးတွေချည်း သုံးယောက်လောက်မွေးပြီးမှ သမီးမိန်းကလေးတစ်ယောက်ရလာတော့ အရမ်းပျော်နေသည်။

My Romance Belongs to You💚''အ-ရာရာ-မင်းပိုင်-တယ်'' {Completed}Onde histórias criam vida. Descubra agora