~Is he truly trying to comfort me or is this sympathy? Anyway, I like neither of them~
ပထမနှစ်ရဲ့ ပထမနှစ်ဝက်စာမေးပွဲကိုဖြေပြီး တစ်ပတ်ကြာတော့ သူတို့မောင်နှမသုံးယောက်သုံးယောက်လုံး ရွာကိုပြန်ဖို့အဝေးပြေးကားဂိတ်ကိုရောက်လာကြပြီ။
''အစ်ကိုလတ်ကားမောင်းရမှာပျင်းတာနဲ့ ဒီအဝေးပြေးကားကြီးစီးရပြန်ပြီ။ ကားပေါ်တက်လာကတည်းက မူးချင်နေပြီလို့...''
''မပူနဲ့...။ အစ်ကိုတို့မှာ ပစ္စည်းအစုံပါတယ်။ ဟောဒီမှာ ရှုဆေး။ ဒါက အန်ရင်ရဖို့ကြွတ်ကြွတ်အိတ်။ လမ်းမှာမမူးအောင်စားဖို့ အချဥ်ပေါင်း။ ခေါင်းမူးလာရင်လည်း အဆင်သင့် ပလာစတာကပ်လို့ရအောင်လည်း ဆောင်လာသေးတယ်။ ဒီလောက်စုံတာ နောက်ထပ်ဘာလိုသေးလဲ''
''ပေါတောတောနဲ့...''
''ဘာပြောတယ်။ အဲ့ဒီပေါတောတောက မင်းအစ်ကိုနော်''
''ဘာပြောနေလို့လဲ''
အစ်ကိုလတ်နဲ့အစ်ကိုငယ်ကြောင့် ရာရာခေါင်းခါသွားသည်။ လောလောဆယ်တော့ ကားမမူးသေးတာကြောင့် Headphone ကိုတပ်ပြီး သီချင်းနားထောင်နေလိုက်သည်။
''သက်ရာ... ထွန်းပိုင်တို့ရော ဘယ်နေ့ဆင်းလာမှာတဲ့လဲ''
''ကျွန်တော်ဘယ်လိုလုပ်သိမှာလဲအစ်ကိုလတ်ရ''
''ဟော်...မင်းတို့အချင်းချင်း အခုထိမပြေလည်ကြသေးဘူးလား''
''သူနဲ့ကျွန်တော်က ဘာမှမဖြစ်ထားဘူး။ ပြီးတော့ သူ့ကိစ္စဘာလို့ကျွန်တော့်ကိုမေးနေတာလဲ။ သိချင်ရင် အစ်ကို့ဘာသာသွားမေးပါလား''
''ဟော်...သူ့သူငယ်ချင်းက မင်းလေ။ ငါကသူ့သူငယ်ချင်းမှမဟုတ်တာ''
''သူ့အကြောင်း မကြားချင်ဘူးအစ်ကိုလတ်ရာ''
''ဒီလောက်ခါးသီးနေပုံထောက်ရင် ထွန်းပိုင်တော့ တော်တော်ချော့ယူရဦးမယ်ထင်တယ်''
''ဘာကိုချော့မှာလဲ... အစ်ကိုလတ် တော်လိုက်တော့ဗျာ''
''တော်ဆိုလည်း တော်ရမှာပေါ့''
ရာရာကတော့ ပါးစပ်ရှည်ပြီး အစ်ကိုလတ်ကိုဘာတွေသွားပြောထားပြန်တာလည်းမသိဘူး။ အဲ့လိုနဲ့ မနက်ခုနစ်နာရီကတည်းကထွက်လာလိုက်တာ နေ့လည်တစ်ဖြတ်ထမင်းစားနားပြီးတာနဲ့ ညနေသုံးနာရီလောက်မှာ ရွာထိပ်ကိုသူတို့ရောက်လာခဲ့သည်။ အမေတို့က သူတို့ရောက်မယ့်အချိန်ကိုမှန်းပြီး ထိပ်မှာအဆင့်သင့်စောင့်နေသည်။
BẠN ĐANG ĐỌC
My Romance Belongs to You💚''အ-ရာရာ-မင်းပိုင်-တယ်'' {Completed}
Lãng mạn"I Love You" If we get any closer, I'll fall deeper. I won't be able to give you up. " ငါ့ကိုမင်းတစ်ကယ်ပဲ..ကြိုက်တာလား " " မင်းဘယ်နှစ်ခါမေးမေး ငါ့အဖြေကမပြောင်းဘူး။ မင်းဘယ်လိုပုံစံပဲဖြစ်နေဖြစ်နေ၊ ဘယ်လိုအခြေအနေထိပဲရောက်နေရောက်နေ မင်းမို့လို့ကို ချစ်တ...
