Chapter 29: Ending: ''ဗှ်ေဂှ်ပ္ကဴကျေ၀်မွဲဒွံရ''

5.6K 158 38
                                    

Girl Pov:
''The moment I looked at him, my whole body went stiff. Dishevelled dark hair with luminous eyes, staring at me defensively. It's as if my heart is going to stop.

HOW CAN I NOT LOVE THIS MAN?''

Boy Pov:
''I want to have you at my left, and a smile at my right. I want to run free and wild in your eyes and want to share this gaze with you into life's twilight. I've thought about our future; I want to be with you then, too, no matter what. For me you're my moon and my light. You've been my only dream for the last decade.

HOW CAN I NOT LOVE THIS WOMAN?''

.
.
.

* ကိုယ်ဖန်တီးတဲ့ဇာတ်လမ်းတိုင်းဟာ အဆန်းအကြယ်ကြီးဖြစ်နေတာမျိုး သိပ်မရှိပါဘူး။ ပုံမှန် ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်မှာမြင်နေကြပုံစံလေးတွေကိုပဲ ရေးသားပုံဖော်လေ့ရှိတတ်ပါတယ်။ Plots အဆန်းကြီးဖတ်ချင်တယ်ဆိုရင်တော့ ဆန္ဒပြည့်မှာမဟုတ်ပါဘူး။ အရေးအသားကောင်းတာကိုပဲစိတ်နှစ်ပြီးဖတ်ချင်ရင်တော့ ကြိုဆိုပါတယ်။ ​အရိုင်းဆန်တဲ့အရေးအသားကို စာဖတ်တဲ့သူဆီ Toxic Knowledge မပေးမိဖို့ Confidence အပြည့်ရှိပါတယ် *
.
.
.

ENDING:

လူတွေပျော်ရွှင်မှုကိုခံစားတဲ့အခိုက်အတန့်တွေက တစ်ဦးချင်းစီကွဲပြား​နေတတ်ကြပေမ​ယ့် တစ်ကယ်တမ်းပျော်ရွှင်အစစ်အမှန်က သေးငယ်တဲ့အရာတွေမှာလည်း ရှာတွေ့တတ်နိုင်သည်။ အဲ့ဒီသေးငယ်တဲ့အရာက အချစ်ပေါ့။ ဘာလို့သေးငယ်ရလဲဆိုရင် အချစ်ဆိုတာ ဘဝကြီးတစ်ခုလုံးမဟုတ်လို့ပါ။

''Happy 6 years Anniversary 🎉''

အဲ့ဒါကြောင့် ဒီ​နေ့ထူးထူးဆန်းဆန်း သူ့ရုံးအထိ​တောင် စေမင်းပိုင်ကလာကြိုတာကို။ သူကအမှန်အတိုင်းပြောရင် မေ့နေတာ​ဖြစ်သည်။ စေမင်းပိုင်သာသိရင်တော့ မိုးမီးလောင်နေလောက်ပြီ။ ​ရောယောင်ပြီး မှတ်မိချင်ယောင်ဆောင်​နေမှပဲ။

''ငါတို့ရဲ့နှစ်ပတ်လည်နေ့လေ။ မင်းကိုစပရိုက်လုပ်ချင်လို့ သူတို့နဲ့ Event အသေးလေးလုပ်ထားတယ်''

''ဘာလိုလိုနဲ့ ခြောက်နှစ်တောင်ပြည့်သွားပြီလား''

''ခြောက်နှစ်တောင်ရှိခဲ့ပြီ''

သူငယ်ချင်းတွေလည်း လူစုံတက်စုံ တူတူရှိနေသည်။ သူတို့ကိုအားကျတယ်လို့ပြောနေခဲ့တာက မနေ့တစ်နေ့ကလိုပဲ။ အခုကျတော့ သူတို့ကသာ မိန်းမအရင်ရတဲ့သူကရ ၊ ရည်းစားရှိတဲ့သူတွေကလည်းရှိကုန်ကြပြီ။ လပြည့်သော်ကလွဲလို့ပေါ့။

My Romance Belongs to You💚''အ-ရာရာ-မင်းပိုင်-တယ်'' {Completed}Nơi câu chuyện tồn tại. Hãy khám phá bây giờ