~I want to have you near me and make you mine only. I'm not greedy. I'm just want to make sure that you're mine~
''...ငါဒီမှာ မင်းနဲ့နီးဖို့ကြိုးစားနေတယ်
ယုံကြည်ခြင်းတွေ ဖြန့်ကျက်ရင်း
ဆက် အသက်ရှင်ကြမယ်
အတိတ်ဆိုးများလည်း
ပုံပြင်တွေလို သင်ပုန်းချခဲ့
အရင်တစ်ခါလို အမှားမှားအယွင်းယွင်း
မဖြစ်တော့ဘူးကွယ်
နင်ကျေနပ်ရဲ့လား
ပျော်နိုင်မှလိုက်ပါ
မင်းသဘောလိုတယ်...''
သားလေးကနေ့တိုင်း သီချင်းတကျော်ကျော်နဲ့မြူးကြွနေတာကိုတွေ့ရတော့ သမီးရာရာနဲ့အဆင်ပြေနေမှန်းကို မမေးဘဲလည်းသိနေသည်။
''အငယ်ကောင်... ဒီနေ့ရော ဘယ်လဲ''
''သင်တန်းလေ''
''မသိပါဘူး။ ချိန်းထားတာများ ရှိနေတာလားလို့..''
''ချိန်းထားတာလည်းပါတာပေါ့''
''နင်... ရေမွှေးတစ်ပုလင်းလုံးကို ကိုယ်ပေါ်မှောက်ချလာတာလားဟယ်''
''ဘာဖြစ်လို့လဲ။ အနံ့အရမ်းပျင်းနေလား''
သူ့မှာမွှေးမွှေးကြိုင်ကြိုင်ဖြစ်ချင်တာနဲ့ပဲ အစ်ကို့ရဲ့ရေမွှေးကိုယူဆွတ်လိုက်တာ နည်းနည်းလေးလက်လွန်ကြက်သွန်ဖြစ်သွားသည်။
''အငယ်ကောင် အဲ့ဒါငါ့ရေမွှေးနံ့ပဲ''
''အစ်ကို့ရေမွှေးပဲလေ''
''ဟေ့ရောင် အဲ့ဒါစျေးကြီးတယ်ကွ။ ငါ့အဖိုးတန်လေးတော့ သွားပါပြီ''
''နည်းနည်းပါပဲဗျာ။ အဖြစ်သည်းနေလိုက်တာ။ ရည်းစားကဝယ်ပေးထားတာမို့လို့လား''
''ဒါပေါ့''
''ဟာ...!''
အစ်ကို့မှာရည်းစားရှိနေမှန်း ဘယ်သူမှလည်းမသိရပါလား။ အစ်ကိုလတ်အခုလိုပြောမှ အမေနဲ့အစ်မက မျက်ခုံးပင့်လာကြသည်။
![](https://img.wattpad.com/cover/336195435-288-k475422.jpg)
ESTÁS LEYENDO
My Romance Belongs to You💚''အ-ရာရာ-မင်းပိုင်-တယ်'' {Completed}
Romance"I Love You" If we get any closer, I'll fall deeper. I won't be able to give you up. " ငါ့ကိုမင်းတစ်ကယ်ပဲ..ကြိုက်တာလား " " မင်းဘယ်နှစ်ခါမေးမေး ငါ့အဖြေကမပြောင်းဘူး။ မင်းဘယ်လိုပုံစံပဲဖြစ်နေဖြစ်နေ၊ ဘယ်လိုအခြေအနေထိပဲရောက်နေရောက်နေ မင်းမို့လို့ကို ချစ်တ...