Chapter 12: ''အဲဆာန်မံင်ဍေံမွဲရ''

2.4K 88 8
                                    

~When she get excited, her eyes look so sweet~

'သူဘာလို့ငါ့ကိုလာကြည့်နေတာလဲ'

စေမင်းပိုင်ရဲ့အကြည့်က သူ့ကိုကြည့်နေပေမယ့် သူ့ကိုကြည့်နေတဲ့ပုံလည်း မပေါ်ပြန်ဘူး။ သူမဟုတ်တဲ့ ဒီအလှအပပြင်ထားတဲ့အဆောင်အယောင်ကို စေမင်းပိုင်ကမျက်စိကျနေတာလား။ ဒါလည်းမဖြစ်နိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့အကြည့်တွေကို မကြိုက်ဘူး။ သူ့ကို အဲ့လိုမျက်ဝန်းတွေနဲ့ မကြည့်စေချင်လိုဘူး။

''သား... ရွာကလူကြီးတွေစုံတုန်း သားတို့စေ့စပ်ပွဲကိုတစ်ခါတည်းလုပ်ပေးဖို့ အမေတို့ပြောထားတယ်''

''ဒီနေ့ပဲလား''

အမေကသူ့ကိုခေါင်းညိမ့်ပြလာသည်။ အဲ့ဒါကြောင့် သူ့အတွက်ဝတ်စုံကို ကြိုပြင်ပေးထားတာလား။ အဲ့ဒါကြောင့် ရာရာကလည်း ဝတ်စုံပြည့်​ဖြစ်​နေတာလား။ နောက်ဆုံးတော့ ဒီအကြောင်းပြချက်​တွေကြောင့်လား။

''ဒီနေ့က ဒီအိမ်မှာ မင်္ဂလာနှစ်ခုတစ်​ပြိုင်တည်းယူ​ကြတဲ့ ရက်​ကောင်းရက်​မြတ်​လေးပဲ။ တစ်ခုက လက်ထပ်ပွဲ။ တစ်ခုကစေ့စပ်ပွဲ''

အဲ့ဒီ​တော့ ကောက်ကာငင်ကာကြော်ငြာလာတဲ့စေ့စပ်ပွဲက ဘယ်သူ့စေ့စပ်ပွဲလဲလို့ သူသူငါငါစူးစမ်းလာကြတော့တာပေါ့။ အဲ့ဒီသူတွေထဲက ရပ်ကွက်သံချဲ့စက်​ဖြစ်တဲ့အန်တီချိုတို့က ထိပ်ဆုံးကပဲ။

''ဟဲ့...ဘယ်သူ့စေ့စပ်ပွဲလဲ''

''ကျွန်မလည်းမသိဘူး။ သူတို့သား​ကြီးရဲ့လက်ထပ်လက်မှတ်ထိုးပွဲဆိုလို့ ဖိတ်လို့ရောက်လာတာ။ စေ့စပ်ပွဲကိစ္စ​တော့ ကျွန်မမသိဘူး။ မချိုလည်းမသိဘူးလား''

''ငါလည်းမသိလိုက်ဘူး။ မသက်နှောင်းတို့က အလျိုကောင်းတာ။ သားကြီးမဟုတ်ရင် ကျန်သုံးယောက်ပဲ။ အလတ်ကောင်များလား''

''မသိဘူးလေရှင်။ စောင့်ကြည့်​ကြတာ​ပေါ့''

''ကိုးရီးကားလိုလား။ မကြာမီလာမည်...မျှော် တို့ဘာတို့ပေါ့''

''ဟုတ်ပဟယ်။ အဲ့လိုဖြစ်နေပြီ''

အစ်ကိုကြီးတို့က လက်ထပ်လက်မှတ်ထိုးပြီးတာနဲ့ လာတဲ့ဧည့်သည်တွေကို နှုတ်ဆက်ဧည့်ခံနေသည်။ အဲ့ဒီအချိန်မှာ အမေတို့က သူနဲ့စေမင်းပိုင်ကိုနေရာယူခိုင်းပြီး စေ့စပ်ကြောင်းလမ်းဖို့ကိစ္စလုပ်တော့သည်။

My Romance Belongs to You💚''အ-ရာရာ-မင်းပိုင်-တယ်'' {Completed}Onde histórias criam vida. Descubra agora