Chapter 22: ''ဟွံတှ်ေမာန်ဂှ်ရ အဲမိက်သ္ဂောံဂွံ''

2.8K 142 19
                                        

~Don't look at me with those eyes. You really piss me off. But why I can't let you go. In my mind remind me that I need to hold you till the end because you're the one I choose to be with~

အိန္ဒြေနဲ့ဆက်ဆံရေးကိုအ​ပြီးတိုင်ရှင်းထုတ်လိုက်ပြီးတဲ့အချိန်မှာ သူအရမ်းကိုလွတ်လပ်သွားသည်။ အခုမှ အချုပ်အနှောင်ထဲကထွက်လာရတဲ့ငှက်တစ်​ကောင်နှယ် စိတ်တွေပေါ့ပါးနေသည်။ ရာရာကိုတွေ့ရမှာလည်း စိတ်သန့်သွားသည်။ အဲ့ဒီအတွက် သူအရမ်းကိုမျှော်လင့်ထားသည်။

''တင်း...တောင်''

ရာရာကိုတွေ့ချင်နေတဲ့သူ့စိတ်က အခုအိမ်ရှေ့ကိုရောက်နေတာတောင် အားမလိုအားမရဖြစ်နေတုန်းပဲ။ မြန်မြန်တွေ့ချင်နေတဲ့သူ့စိတ်က အရမ်းကိုအလျင်လိုနေတော့ တံခါးကိုတဒုန်းဒုန်းတောင်ထုနေမိပြီ။

''ဘာဖြစ်နေတာလဲ။ ဘေးအိမ်တွေကို အားနာဦးလေ''

''ရာရာ..''

ရာရာကိုအိမ်ရှေ့ပေါက်ဝမှာတင် တွေ့တွေ့ချင်း  တင်းတင်းကျပ်ကျပ်ကို ပွေ့ဖက်ထွေးပွေ့လိုက်သည်။ အဲ့ဒီအချိန်မှာ သူ့ရင်ခုန်သံက နည်းနည်းလေးတောင် လျော့ကျမသွားဘူး။ အဲ့လောက်တောင်ပဲ ရာရာ့ကိုသူသဘောကျခဲ့ရတာပဲလို့ ကိုယ့်ကိုယ်ကိုယ်လည်း အသိအမှတ်ပြုပြီး လက်ခံမိသွားသည်။

''လွှတ်စမ်းကွာ...ဘာဖြစ်နေတာလဲ''

''လွမ်းတယ်''

''လွှတ်စမ်းပါကွာ...!''

ရာရာကသူ့ကိုခပ်​ကြမ်း​ကြမ်းတွန်းထုတ်ပြီး မျက်မှောင်ကျုံ့ပြီးကြည့်နေသည်။ သူ့စိတ်ထဲမှာတော့ ရာရာလုပ်နေကြအပြုအမူပဲလို့ ထင်လိုက်သည်။ အဲ့ဒါကြောင့် အချစ်စိတ်မွှန်နေတဲ့သူက ရာရာ့ကို ပိုပြီးစိတ်လှုပ်ရှားလာသည်။ ချစ်ရတဲ့သူဘာလုပ်လုပ် စိတ်ထဲသဘောကျမိတဲ့အခိုက်အတန့်က လူတိုင်းမှာရှိကြတယ်မလား။ အခုသူ့လိုမျိုးပေါ့။

''ချစ်စရာလေး ''

သူ့စကားကြောင့် ရာရာက သူ့ဆီကနေ မရမကကိုရုန်းထွက်သွားသည်။ ပြီးတော့ သူ့ကိုမျက်စောင်းအကြိမ်ကြိမ်ထိုးနေသည်။

''ရုတ်တရက်ကြီး ဘာလာလုပ်တာလဲ''

''မင်းကိုဝမ်းသာစရာပြောပြစရာရှိလို့...''

My Romance Belongs to You💚''အ-ရာရာ-မင်းပိုင်-တယ်'' {Completed}Onde histórias criam vida. Descubra agora