Chapter 7: ''ဍေံဂှ် ညးဂှ်ရော...?''

2.5K 83 9
                                        

~I think I know you but I don't~

အမေတို့က ရွှေတိဂုံဘုရားဖူးပြီးတာနဲ့ ရွာကိုပြန်ဆင်းသွားသည်။ နောက်ဆုံးတော့ နှောင်းဧရာတစ်ယောက် ရန်ကုန်မှာသောင်တင်ခဲ့ပြီ။

''ရာရာ...နောက်တစ်ပတ်ကျောင်းအပ်ဖို့ကို အကိုငယ်လိုက်ပို့ပေးရမလား''

''အာကေတ်​ကေတ်ရဏောင်'' (ရတယ်။ ကိုယ့်ဘာသာသွားမယ်)

''တီမံင်ဒၞာဲရဟာ'' (နေရာသိလို့လား)

''ဟွံတီပုဟ်'' (မသိဘူး)

''အဲ့ဒါများ.... လိုက်ပို့​ပေးမယ်။ ခေါင်းမာမနေနဲ့''

အခုထိသူ့ညီမက ရန်ကုန်မှာကျောင်းလာတက်ရတာကို ဆန္ဒပြလို့မပြီးသေးဘူး။ တစ်နေ့တစ်နေ့ အပြင်ထွက်ပြီး ညနေလောက်ကျမှ ပြန်လာတာများသည်။ သွားလည်းမသွားတတ်သေးဘဲနဲ့ ဘယ်တွေများ လျှောက်သွားနေလဲမသိဘူး။ မေးလည်း ​ပြန်မဖြေဘူး။

''ရာရာ''

''အဲ...'' (ဗျာ)

''စေမင်းပိုင်နဲ့ မဆက်သွယ်ဘူးလား။ သူရှိရင် ဘယ်နေရာသွားသွား အဆင်ပြေတာပေါ့။ သူငယ်ချင်းတွေပဲမဟုတ်ဘူးလား''

''သူကရာရာ့ကိုမှတ်မိပါဦးမလား။ အချိန်ဖြင့်ကြာလှပြီ''

''ဟိုနေ့က သူ့အိမ်ရောက်သွားတုန်းကတောင် မေးနေသေးတာ။ ရာရာရောမပါဘူးလားတဲ့''

''ဟုတ်လို့လား''

စေမင်းပိုင်ကသူ့ကိုမေးတယ်ဆိုတော့ သူ့ကိုသတိရနေသေးတဲ့အဓိပ္ပါယ်မလား။

''အဲ့ဒါကြောင့် အဲ့ဒီနေ့ကလိုက်ခဲ့ဖို့ပြောတာကို မလိုက်ဘဲနဲ့''

''ကားမစီးချင်ဘူးလေ။ ခေါင်းမူးနေတာကို'' (အမှန်က အဲ့ဒါက အကြောင်းပြချက်သက်သက်ရယ်ပါ)

အခုတလောသူအပြင်ထွက်နေတယ်ဆိုတာလည်း ကားစီးတာကိုကျင့်သားရအောင်လည်းပါသလို ရန်ကုန်ကလမ်းတွေကိုမှတ်နေတာလည်း ပါသည်။ ကျောင်းတက်တဲ့အချိန်လောက်ပဲအပြင်ထွက်ရင် သူ့ပုံစံကတောသားမြို့တက်ပုံစံဖြစ်နေမှာ မလိုလားဘူး။ အဲ့ဒါကြောင့် ကျောင်းမတက်ခင်မှာ အတတ်နိုင်ဆုံး သူလေ့လာသည်။ ပြီးတော့ သူ့အကျင့်က လမ်းသလားတတ်တာဆိုတော့ ရန်ကုန်လိုမြို့ကျယ်ကြီးက သူ့အတွက်အရမ်းအဆင်ပြေနေသည်။ ဒါပေမယ့် ဘာလိုလိုနဲ့ ဒီမှာ​လေးနှစ်တာ​လောက်​ကျောင်းတက်ရတော့မှာကိုတွေးရင် စိတ်ကလေးလံနေသေးသည်။

My Romance Belongs to You💚''အ-ရာရာ-မင်းပိုင်-တယ်'' {Completed}Место, где живут истории. Откройте их для себя