~The smile on your face, the truth in your eyes and the touch of your hand...all are my favourite things ~
''စေမင်း... မင်းမနေ့က ညဘက်ကြီးဘယ်သွားတာလဲ''
''ငါဘယ်သွားလို့လဲ။ ဘာတွေလာပြောနေတာလဲ''
တစ်ဖက်သူကမေးတာအကောင်း သူပြန်ဖြေတော့မှ သံသယဝင်စရာကောင်းတဲ့အခြေအနေကိုရောက်သွားသည်။ ရာရာကတော့ သူ့ကိုမျက်စောင်းလှမ်းထိုးနေပြီ။
''ရာရာ... ဒါနဲ့မင်းလည်ပင်းက ဘယ်အကောင်ကိုက်သွားတာလဲ''
''ဘယ်မှာလဲ။ မကိုက်ပါဘူး''
''ငါမြင်လိုက်ပါတယ်ကွာ.... အနီကွက်ကြီးဖြစ်နေတာကို''
''ဟုတ်လား။ ညဘက် ကဝေ ဝင်စုပ်သွားတာနေမှာပေါ့''
''ဖွီးးး''
ရာရာတစ်ယောက် မျက်နှာကြောတင်းတင်းနဲ့ ဘာမှဂရုမစိုက်သလိုပဲနေသည်။ ဒါပေမယ့် လည်ပင်းကိုတော့အတင်းဖုံးပြီး ထင်းနေတဲ့အရာကို လူမတွေ့အောင် ဝှက်ထားရသည်။ အဲ့အချိန်မှာ စေမင်းပိုင်တစ်ယောက် ကြိတ်ပြုံးနေသေးသည်။
''ဟိုတယ်မှာ ဘယ်က ကဝေရှိရမှာလဲ နော်..စေမင်း''
''အကောင်ကြီးကြီးကိုက်သွားလို့နေမှာပေါ့ကွာ။ မင်းမစပ်စုချင်ပါနဲ့''
''ဘယ်လောက်ကြီးတဲ့အကောင်ကြီးမို့ ဒီလောက်တောင်ဖြစ်သွားရတာလဲမသိဘူး''
''အကောင်က အရမ်း အရမ်းကြီးလို့နေမှာပေါ့ကွာ''
စေမင်းပိုင်တစ်ယောက် ပြုံးစိစိနဲ့ပါးစပ်ပိတ်မရဘဲ အဲ့ဒါကိုဂုဏ်ယူပြီး အရသာခံပြောနေတော့ ရာရာသေချင်စော်နံလာသည်။
''အရှက်ကိုမရှိဘူး''
''ဟင်...ဘယ်သူ့ကိုပြောနေတာလဲနှောင်း''
သူကစေမင်းပိုင်ကိုပြောတာဆိုပေမယ့် သူ့ဘေးမှာထိုင်နေတဲ့ကိုနိုင်လွန်က ကြားသွားသည်။
''မဟုတ်ဘူးအစ်ကို။ ဒီအတိုင်းပဲပြောလိုက်တာ''
''မနေ့ကအိပ်ပျော်ရဲ့လား''
''ဟုတ်အစ်ကို''
မနေ့ကသူအိပ်ပျော်လားဆိုတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်လို့မရခဲ့ဘူးလို့ ပြောရမှာပဲ။ စေမင်းပိုင်လက်ချက်နဲ့ တဒုန်းဒုန်းခုန်ပေါက်နေတဲ့နှလုံးသားရယ် ၊ နှလုံးသားချင်းထပ်တူကျမိလို့ ပျော်ရွှင်ရတဲ့ကြည်နူးမှုလေးရယ် ၊ ပြီးတော့ အနမ်းရဲ့ချိုမြိန်မှုလေးတွေရယ်က သူ့ကိုကောင်းကောင်းအိပ်မပျော်နိုင်စေခဲ့ဘူး။ တွေးရင်းတွေးရင်း မျက်နှာကအလိုလိုပြုံးပျော်ရွှင်လာရတာက အချစ်ဆိုတဲ့ခံစားချက်မှုကြောင့်ဆိုတာ ရာရာကောင်းကောင်းကြီး နားလည်လာခဲ့ပြီ။ အချစ်ဆိုတာ ဒီလိုအရသာမျိုးပါလားလို့ပေါ့။
ВЫ ЧИТАЕТЕ
My Romance Belongs to You💚''အ-ရာရာ-မင်းပိုင်-တယ်'' {Completed}
Любовные романы"I Love You" If we get any closer, I'll fall deeper. I won't be able to give you up. " ငါ့ကိုမင်းတစ်ကယ်ပဲ..ကြိုက်တာလား " " မင်းဘယ်နှစ်ခါမေးမေး ငါ့အဖြေကမပြောင်းဘူး။ မင်းဘယ်လိုပုံစံပဲဖြစ်နေဖြစ်နေ၊ ဘယ်လိုအခြေအနေထိပဲရောက်နေရောက်နေ မင်းမို့လို့ကို ချစ်တ...
