~Summer is already slowly ending. So where's this hot feeling coming from?~
''သမီးရာရာ... ဒါကအန်တီဥမ္မာရဲ့လက်ဆောင်''
အန်တီဥမ္မာက သူမဆီကိုလာလည်ပါဦးလို့ သူ့ကိုခေါ်ထားတဲ့အတွက် သူရောက်လာတော့ သူ့အတွက်လက်ဆောင်ပစ္စည်းဆိုပြီး ရတနာသေတ္တာဘူးငယ်လေးတစ်ဘူး ထုတ်ပေးလာသည်။ သူဖွင့်ကြည့်တော့ ဆင်စွယ်ရောင်ပုလဲဆွဲကြိုးလေးတစ်ကုံးကို တွေ့လိုက်ရသည်။ မိန်းကလေးတိုင်းက ရတနာပစ္စည်းကို ခုံမင်နှစ်သက်ကြပေမယ့် သူကအဲ့လိုမိန်းကလေးမျိုးမဟုတ်တော့ အရမ်းကြီးဝမ်းသာတယ်ဆိုတာထက် တန်ဖိုးကြီးပစ္စည်းမို့ လက်ခံရတာဝန်လေးတဲ့စိတ်ဖြစ်မိသည်။ အဲ့ဒါကြောင့် ဖွင့်ကြည့်ပြီးတာနဲ့ ဘူးကိုသေချာ သာသာယာယာပြန်ပိတ်လိုက်ပြီး အန်တီဥမ္မာကိုပြန်ကမ်းပေးလိုက်သည်။
''ရာရာလက်မခံပါရစေနဲ့အန်တီဥမ္မာ''
''ယူပါသမီးရယ်။ အခု မလိုလည်း နောက်ဆို လိုလာမှာပါ''
သူထပ်ကာထပ်ကာငြင်းတော့ အန်တီဥမ္မာက သူ့ကိုတစ်ခုပြောလာသည်။
''မသက်နှောင်းက သဘောတူထားပြီးသားပါသမီးရယ်''
''အမေက...?''
''အဲ့ဒါကြောင့် လက်ခံလို့ရတယ်သမီး''
''တင်ဂုဏ်ရဏာဣစဳ'' (ကျေးဇူးတင်ပါတယ်အန်တီ)
ပြီးတော့ စေမင်းပိုင်က အခန်းမှာရှိတယ်လို့ အန်တီဥမ္မာကပြောတော့ သူတက်လာလိုက်သည်။
''ဒေါက်ဒေါက်''
''ဘယ်သူလဲ''
''ငါ''
''ရောက်လာပြီလား''
''အင်း''
''ဝင်ခဲ့လေ''
''ဝင်လာပြီနော်''
စေမင်းပိုင်က ကုတင်ပေါ်မှာလှဲပြီး ပိုင်ပိုင်နိုင်နိုင်ဂိမ်းတိုက်နေသည်။ သူလာတာတောင် မကြိုဆိုနိုင်ရှာဘူး။
''ခဏနေဦး။ ငါတစ်ပွဲပြီးတော့မယ်''
''အေး..ရတယ်။ အေးဆေးလုပ်''
ထိုင်စောင့်နေရင်းကနေ ပျင်းလာတာနဲ့ စေမင်းပိုင်ဘေးနားမှာ သူဝင်လှဲလိုက်သည်။ အိပ်ယာပေါ် ဟိုလှိမ့် ဒီလှိမ့်နဲ့ စေမင်းပိုင်ကဂိမ်းကိုပဲအာရုံစိုက်နေတော့ သူတော်တော်ပျင်းနေပြီ။ အဲ့ဒီတော့ မပျင်းရအောင် ဘာလုပ်ရင်ကောင်းမလဲလို့ အကြံထုတ်နေသည်။
ВЫ ЧИТАЕТЕ
My Romance Belongs to You💚''အ-ရာရာ-မင်းပိုင်-တယ်'' {Completed}
Любовные романы"I Love You" If we get any closer, I'll fall deeper. I won't be able to give you up. " ငါ့ကိုမင်းတစ်ကယ်ပဲ..ကြိုက်တာလား " " မင်းဘယ်နှစ်ခါမေးမေး ငါ့အဖြေကမပြောင်းဘူး။ မင်းဘယ်လိုပုံစံပဲဖြစ်နေဖြစ်နေ၊ ဘယ်လိုအခြေအနေထိပဲရောက်နေရောက်နေ မင်းမို့လို့ကို ချစ်တ...
