~Fate brings both cruelty and pain~
'ဒီကောင် အခုတလော ထူးထူးဆန်းဆန်းကို ငြိမ်နေပါလား'
ရာရာတစ်ယောက် သူ့ကိုမကျေပွဲနွှဲမယ်လို့ပြောထားပေမယ့် အရမ်းငြိမ်သက်နေတော့ စေမင်းပိုင်ပိုလို့တောင် ခပ်လန့်လန့်ပဲ။ ရာရာသူ့ကိုဆက်သွယ်မလာရင် သူဘဲအရင်ဆက်လိုက်ရမလားလို့ ဖုန်းကိုင်ပြီးတွေဝေနေသည်။ ပြီးတော့ အိန္ဒြေကပါ ဘာအကြောင်းမှမကြားဘဲတိတ်ဆိတ်နေတော့ ရာရာကများ တစ်ခုခုသွားပြောထားလား အစရှိသဖြင့် ပူပန်ရသေးသည်။
တစ်ကယ်တော့ သူ့စိတ်ထဲမှာရှိရမှာက လှအိန္ဒြေဖြစ်ရမှာမဟုတ်ဘူးလား။ ကိုယ်ချစ်တဲ့ကောင်မလေးတစ်ယောက်ဆီက အဖြေပြန်ရမယ့်နေ့ရက်ကိုလက်ချိုးရေပြီး ရင်ခုန်စောင့်ဆိုင်းရမယ့်အစား သူဘာလို့ရာရာကိုပဲ သွားသွားတွေးနေမိမှန်း မသိတော့ဘူး။ အဲ့ဒါကြောင့် သူ့လက်ထဲကဖုန်းက ခေါ်မယ့်သူပြောင်းသွားသည်။
''ဟယ်လို...''
''ဟယ်လို''
''ဘာလုပ်နေလဲ''
''ဒီအတိုင်း... ဟိုဟိုဒီဒီ''
''အခုတလော ငါ့ကိုမဆက်သွယ်ဘူးနော်''
''ဪ...အဲ့ဒါက ငါအချိန်ယူနေရလို့ပါ''
တစ်ကယ်တော့ မူနေရတာပါ။ ကိုယ့်ဘက်ကအရင်ဆက်သွယ်လိုက်ရင် အရမ်းကြီးဖြစ်ပျက်နေတယ်လို့မြင်မှာလည်းစိုးတယ်လေနော်။ အဲ့ဒါကြောင့် ဆက်သွယ်လာမှာကိုမျှော်ရတာ အမော။
''ငါတို့တွေကသူငယ်ချင်းတွေပါ။ နင်ငါ့ကိုလက်မခံရင်တောင် ငါတို့ကြားမှာ ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူး''
''ငါလက်မခံဘူးလို့ နင်ကတွေးထားတာလား''
''အဆုံးထိတော့ တွေးထားရတာပေါ့။ ကြိုတင်ပြင်ဆင်မှုလို့ပြောရမလား''
''စေမင်း ! ငါလေ... နင်လိုချင်တဲ့အဖြေကိုပေးနိုင်ပါတယ်''
''အိန္ဒြေ ! တစ်ကယ်ပြောနေတာလား''
''တစ်ကယ်ပေါ့''
''နင်အခု ငါ့ကိုအဖြေပြန်ပေးလိုက်တာလား''
''အင်း''
''ဟုတ်ပြီကွ။ ပျော်လိုက်တာ...ရေးး''
ВЫ ЧИТАЕТЕ
My Romance Belongs to You💚''အ-ရာရာ-မင်းပိုင်-တယ်'' {Completed}
Любовные романы"I Love You" If we get any closer, I'll fall deeper. I won't be able to give you up. " ငါ့ကိုမင်းတစ်ကယ်ပဲ..ကြိုက်တာလား " " မင်းဘယ်နှစ်ခါမေးမေး ငါ့အဖြေကမပြောင်းဘူး။ မင်းဘယ်လိုပုံစံပဲဖြစ်နေဖြစ်နေ၊ ဘယ်လိုအခြေအနေထိပဲရောက်နေရောက်နေ မင်းမို့လို့ကို ချစ်တ...
