Chapter 3: ''ဟွံမိက်သာဲခြာပုဟ်''

3.3K 153 8
                                        

~It makes me feel depressed when I heard that I need to leave~

''မိ'' (အမေ)

''ဘာလဲ''

''အပြင်သွားဆော့ချင်တယ်''

''မရဘူးလို့ကြိုပြောထားပြီးသားနော်မိရာရာ''

မရဘူးပြောတော့ သမီးတော်က အိမ်တစ်အိမ်လုံးပြိုပျက်သွားမယ့်အလား ​ဆောင့်အောင့်ပြီးအပေါ်ထပ်ကိုပြန်တက်သွားသည်။

''ရှင်တို့အလိုလိုက်လွန်းလို့ ကလေးကအဲ့လိုဖြစ်နေတာ''

''ဟော်...ဘာဆိုင်လို့လဲကွာ''

''မသိဘူး။ ဆိုင်တယ်ပဲ''

သူ့မိန်းမကတော့ ကလေးကိုပြောမရလို့ သူ့ကိုပတ်ရမ်းနေပြီ။

''ရာရာ''

''ကော'' (အစ်ကို)

''ဘာလုပ်နေတာလဲ''

''ဘာလုပ်ရမလဲမသိဘူး။ အိမ်မှာမနေချင်ဘူး။ ပျင်းစရာကြီး''

''သီချင်းနားထောင်မလား။ ကောဆီမှာ MP3 ရှိတယ်''

''ဟင့်အင်း...။ အပြင်သွားချင်တယ်။  ကော... တစ်ခုခုကြံပေးပါလား''

''မရဘူး။ အမေပြောလိမ့်မယ်''

''ကောမွဲပၠန်လေဝ်'' (အစ်ကိုငယ်ကလည်း)

သူ့ညီမကို သူသနားသွားသည်။ အိမ်မှာနေမယ့်သူမဟုတ်တဲ့ညီမလေးက အခုအိမ်တွင်းအောင်းနေရတော့ လုံးဝငြိမ်ကုပ်သွားပြီး အားအင်တစက်မှမရှိသလိုမျိုး ပျော့ခွေနေသည်။

''ထမင်းသေချာစားမိရာရာ''

''ဗိုက်မဆာဘူး''

ဆန္ဒပြချင်တဲ့စိတ်ကြောင့် သူထမင်းကောင်းကောင်းမစားဘူး။ ထမင်းစားပြီးရင် အမေတို့က တရေးအိပ်နေကြဆိုတော့ အိမ်ကတိတ်ဆိတ်သွားပြီး သူလည်းလုပ်စရာမရှိဘဲ တော်တော်ပျင်းနေသည်။

''ကော...'' (အစ်ကို)

''ဝင်ခဲ့''

ကုတ်ချောင်းကုတ်ချောင်းနဲ့ သူ့အခန်းထဲဝင်လာတဲ့ရာရာတစ်ယောက် တစ်ခုခုတော့တစ်ခုခုပဲ။

''ဘာဖြစ်လို့လဲ''

''ကော... ရာရာအပြင်သွားချင်တယ်''

My Romance Belongs to You💚''အ-ရာရာ-မင်းပိုင်-တယ်'' {Completed}Donde viven las historias. Descúbrelo ahora