~A passionate physical and emotional love based on aesthetic enjoyment: One kind of loves~
''ဟေ့ရောင်တွေ မနက်ဖြန်ကျရင် ငါနဲ့အိန္ဒြေရဲ့ Anniversary ''
''ဝိုး... ဒါဆို တစ်ဝိုင်းကျွေးလိုက်တော့သားကြီး''
''နောက်မှမင်းတို့အတွက် သပ်သပ်ကို ပါတီပွဲတစ်ပွဲလုပ်ပေးမယ်။ အခုတော့ အိန္ဒြေနဲ့သီးသန့်ဒိတ်မလို့''
''အားကျပါတယ်ကွာ။ ငါတို့မရနိုင်သေးတဲ့ဘဝတွေပါ''
''မင်းပဲ ရှိတယ်ဆို''
''အဲ့ဒါကအပျော်ပါ။ ဒီအတိုင်း... ဟီး''
''ဘာကို ဟီး လဲ''
အံ့ဘုန်းက မိန်းကလေးတစ်ယောက်ကို ဘယ်တော့မှအတည်တကျမတွဲဘူး။ အဲ့ဒါကလည်း သူတစ်ကယ်ချစ်မြတ်နိုးရတဲ့သူ မပေါ်လာသေးလို့ပဲနေမှာပါ။
''ဒါနဲ့ ငါ့ကောင်ကြီး ! မင်းတို့က နှစ်ဝက်လောက်တောင်တွဲလာပြီးပြီဆိုတော့ ဟိုဒင်းဟိုဟာမလုပ်ကြဘူးလား''
''အဲ့ကိစ္စပြောရဦးမယ်။ ဟိုနေ့ကလည်း မင်းတို့အမြှောက်ကောင်းလို့ ငါစိတ်ပါသွားသေးတယ်''
''စေမင်း..! အဲ့ဒီအထဲမှာငါမပါဘူးနော်။ အံ့ဘုန်းပဲ''
လပြည့်သော်က အရမ်းကိုတည်ငြိမ်အေးဆေးပြီး အချေစတိုင်နေတတ်တဲ့သူမျိုး။ စကားကိုတောင်မှ လိုမှပြောတတ်တဲ့ပုံစံ။ ဒီလိုကိစ္စတွေကို တိုက်တွန်းဖို့ဆိုတာ ဝေလာဝေး။
''အဲ့ဒီတော့ ဘယ်လိုဆက်ဖြစ်သွားလဲ''
''ရပ်လိုက်ရတော့ပေါ့။ ထိန်းချုပ်ရတာတော့ ခက်သားကွာ''
''မထိန်းထားနဲ့လေ။ လုပ်ချင်ရင်လုပ်ပစ်လိုက်။ ရှေးရိုးစွဲနေတဲ့အမူအကျင့်တွေနဲ့ ဒီခေတ်မှာ Virgin ဆိုတဲ့ဂုဏ်ကို ထိန်းသိမ်းရမယ်ဆိုတာတွေက မရှိတော့ပါဘူးကွာ''
''မင်းပြောသလို လွယ်ကူမနေဘူးဟေ့ရောင်''
''ဟေ့ရောင်စေမင်း ငါပြောမယ်။ ဒီခေတ်မှာ Sex Education တွေကို အကျယ်တဝံ့ လုပ်မလာကြဘူးလားပြော''
''လုပ်တယ်လေ''
''ဘာကြောင့်လုပ်တယ်လို့ထင်လဲ။ အပေါ်ယံပညာပေးတယ်လို့ မင်းထင်နေလို့လား''
ВЫ ЧИТАЕТЕ
My Romance Belongs to You💚''အ-ရာရာ-မင်းပိုင်-တယ်'' {Completed}
Любовные романы"I Love You" If we get any closer, I'll fall deeper. I won't be able to give you up. " ငါ့ကိုမင်းတစ်ကယ်ပဲ..ကြိုက်တာလား " " မင်းဘယ်နှစ်ခါမေးမေး ငါ့အဖြေကမပြောင်းဘူး။ မင်းဘယ်လိုပုံစံပဲဖြစ်နေဖြစ်နေ၊ ဘယ်လိုအခြေအနေထိပဲရောက်နေရောက်နေ မင်းမို့လို့ကို ချစ်တ...
