Chapter 24: ''အဲဆာန်ဗှ်ေ...ဗှ်ေရော...?''

3.2K 122 25
                                        

~My eyes are for you. My heartbeat is for you. My love is for you. Only for you~

နောက်တစ်ရက်ကျတော့ ရွာငံမြို့ကိုလည်ဖို့ မနက်အစောကြီး သူတို့ထွက်ခဲ့ကြသည်။ ရွာငံမြို့ဆိုတာနဲ့ အထင်ကရနေရာတွေကတော့ ဂဏန်းကျရေတံခွန် ၊ မိန်းမရဲသခင်မတောင်တော် ၊ မြသပိတ်ရေပြာအိုင် ၊ ပြဒါးလင်းဂူအပြင်ကို ဓာတ်ပုံရိုက်ရင်အသေလှတဲ့ မြင်းမူကုန်းလည်းရှိသည်။ သဘာဝတောတောင်ရေမြေအလှတရားကို အပြည့်အဝခံစားချင်ရင်တော့ သွားကိုသွားသင့်တဲ့လှပတဲ့အထင်ကရဒေသနေရာလေးဖြစ်သည်။

''ရာရာ ! မင်းမနေ့ကလိုဝတ်လာရမှာ...။ ဒီနေ့က ဓာတ်ပုံရိုက်ရင်အသေလှမယ့်နေရာတွေမှ အများကြီးကွ''

သူလှမ်းပြောတော့ ရာရာကသူ့ကိုလက်သီးတင်းတင်းဆုပ်​ပြီး ထောင်ပြလာသည်။ ပြီးတော့​ နောက်ဘာပဲပြောလာပြောလာ ဂရုမစိုက်သလိုမျိုးပုံစံနဲ့ နားကြပ်တပ်ပြီး ပြန်မှေးနေသည်။ အခုထိတော့ နေအလင်းရောင်မရသေးတဲ့အချိန်ပဲရှိသေးတာကြောင့် အားလုံးကတော့ အိပ်ချင်မူးတူးတွေချည်းပဲ။

''စေမင်း''

''ဘာလဲ''

''ငါသေးပေါက်ချင်လာသလိုပဲ''

''အောင့်ထားကွာ... ငါ့ကိုလာမရှုပ်နဲ့''

စေမင်းကလည်း ကားမှန်ဘက်ကိုမှီပြီး သီချင်းနားထောင်ရင်း မှေးနေသည်။ သူတစ်ယောက်တည်း သေးပေါက်ချင်တာနဲ့ ယောက်ယက်ကိုခတ်နေသည်။

''ဟေ့ရောင်တွေ... နေထွက်တော့မယ်။ ပြေး''

သူတို့က မြင်းမူကုန်းကိုတကူးတကအရင်လာကြတာဖြစ်သည်။ တိမ်ပင်လယ်နဲ့ နေထွက်ချိန်လေးကို အမိအရကြည့်ချင်လို့လေ။ အရမ်းလှတယ်လို့ကြားဖူးနားဝရှိထားတော့ ပထမဦးဆုံးအကြိမ်ရောက်လာကြတာဆိုတော့ စိတ်ဝင်စားနေကြသည်။

''ဟေ့ရောင်တွေ... လှတယ်ကွ''

ရာရာတစ်ယောက် နေဝင်ထွက်ချိန်နဲ့ပေါင်းပြီး သဘာဝအလှကို မျက်လုံးနဲ့တပ်အပ်မြင်လိုက်ရတော့ အကျယ်ကြီးကိုလှမ်းအော်လာသည်။ အသံကလည်း တော်တော်လေးပျော်နေတဲ့ပုံပေါက်သည်။

''ငါအခုတိမ်တွေပေါ်မှာလွင့်နေတယ်ဆိုတဲ့ခံစားချက်မျိုး''

''ပိုပြီ''

My Romance Belongs to You💚''အ-ရာရာ-မင်းပိုင်-တယ်'' {Completed}Nơi câu chuyện tồn tại. Hãy khám phá bây giờ